အိမ်ထောင်ထပ်ပြုချင်လည်း ပြုဖြစ်မယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်း
မကြာခင်ကမှ ကောလဟာလတွေကြားကနေ သူမရဲ့စီးရီးအသစ်ကို အောင်အောင်မြင်မြင်ဖြန့်ချီနိုင်ခဲ့သူကတော့ ဝိုင်းစုခိုင်သိန်း ပဲဖြစ်ပါတယ်။ တေးအယ်လ်ဘမ် လေးခုထုတ်လုပ်ထားပြီး အောင်မြင်မှုများစွာရရှိထားပြီး အမာခံပရိသတ်များစွာနဲ့တူ ရပ်တည်နေတဲ့ အဆိုရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမအနေနဲ့ လက်ရှိအချိန်မှာတော့ ဂါ အယ်လ်ဘမ်အသစ်တစ်ခု ထွက်ရှိထားပြီး အောင်မြင်မှုရရှိထားပါတယ်။ ဒီစီးရီးထွက်ခါနီးမှာပဲ သူမနဲ့ ပတ်သတ်တဲ့ ကောလဟာလတွေ ထွက်ပေါ်လာပြီး ခင်ပွန်းဖြစ်သူနဲ့ နှစ်ဦးသဘောတူ ကွာရှင်းခဲ့ပါတယ်။ သူမအနေနဲ့ နောက်ထပ် အနာဂတ်ကို တစ်ယောက်တည်း လျှောက်လှမ်းမှာလား ဆိုတာနဲ့ ပတ်သတ်ပြီးတော့……………
"ဝိုင်းစုက တစ်ဦးတည်းသောသမီးဆိုတော့ မိန်းကလေးတစ်ယောက်အနေနဲ့ တစ်ယောက်တည်း ရပ်တည်ဖို့တော့ မဖြစ်ဘူးပေါ့နော်။ အဲ့တော့ အခုလောလောဆယ်တော့ ဘာလုပ်မယ်ဆိုပြီး မဆုံးဖြတ်ရသေးဘူး။ ဘာမှ မစဉ်းစားရသေးဘူး။ သေချာပြီ ဆိုရင်တော့ အားလုံးကို ဝိုင်းစု ပြောပြသွားမှာပါ" လို့ပြောသွားခဲ့ပြီး တစ်ဆက်တည်းမှာပဲ " ဝိုင်းစု အရင်ကလည်း လဲကျခဲ့ဖူးတယ်။ ဒါပေမဲ့ လဲကျခဲ့တဲ့နေရာမှာ ဝိုင်းစုက ဘယ်တော့မှ မနေဘူး။ ဒါကြောင့် ဝိုင်းစုလုပ်စရာရှိတာကို တစိုက်မတ်မတ် လုပ်သွားမယ်" လို့ပြောခဲ့ပြီး ပရိသတ်တွေကိုလည်း အထူးကျေးဇူးတင်ကြောင်းပြောသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ရှိုးပွဲတွေစီစဉ်လျက်ရှိပြီး အနုပညာအလုပ်တွေကိုပဲ တစိုက်မတ်မတ် လုပ်သွားမယ်လို့ ဆိုပါတယ်။
Source: Myanmar Celebrity
Go Goe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။