မနက်​ကယှဉ်​ပြိုင်​ကစားခဲ့တဲ့ အီတလီစီးရီး​အေပွဲစဉ်​မှာ ရိုးမားအသင်းဟာ ခရိုတုန်းအသင်းကို တစ်​ဂိုး ဂိုးမရှိရလဒ်​နဲ့ အနိုင်​ရရှိခဲ့တာလည်းဖြစ်​ပါတယ်​။ရိုးမားအသင်းဟာ ပွဲစဉ်​ ၉ ပွဲ ကစားထားပြီးချိန်​မှာ​တော့ ရမှတ်​ ၂၁ နဲ့ အဆင့်​ ၅ ​နေရာမှာရှိ​နေတာလည်းဖြစ်​ပါတယ်​။ဒါ့အပြင်​ရိုးမားအသင်းဟာ တစ်​​ပွဲ​လျော့ ကန်​ထားတာလည်းဖြစ်​ပါတယ်​။တစ်​ပွဲ​လျော့အ​နေ နဲ့ ရိုးမားအသင်းဟာ ဆမ်​ဒိုးရီးယား အသင်းနဲ့ ကစားရမှာလည်းဖြစ်​ပါတယ်​။

ရိုးမားအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဒီဇီကို၊ ပီရော့တီ၊ အမ်ဒါ၊ နိုင်ဂိုလန်၊ ဂွန်နာလွန်၊ ဂါဆန် တို့ကို ထည့်သွင်းအသုံးပြုသွားခဲ့တာလည်းဖြစ်ပါတယ်။ခရိုတုန်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ နာလီနီ၊ ဘူဒီမီရာ၊ ရော့ဒန်၊ မန်ဒရာဂိုရာ၊ ခရိုစီရာတာ၊ ဘာဘီရစ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဂိုးကံခေမှုတွေကြောင့် ရိုးမားအသင်း တစ်ဂိုးနဲ့ သာ နှစ်သိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။

ပထမပိုင်း ၁၀ မိနစ်မှာပဲ ရိုးမားအသင်း ပယ်နယ်တီရရှိခဲ့ပြီး ဒီဂိုးကို ပီရော့တီကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ခရိုတုန်းအသင်းကတော့ ခံစစ်မှာပဲ ပိတ်ဆို့ကစားခဲ့ပြီး ရိုးမားအသင်းရဲ့ တိုက်စစ်ကို ခုခံခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲရဲ့အကောင်းဆုံးကစားသမားဆု man of the match ကိုတော့ အနိင်ဂိုးသွင်းယူပေးခဲ့တဲ့ ပီရော့တီက ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။