အောက်တိုဘာ ၂၅ ရက်နေ့က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ Tulare ခရိုင် အစိုးရရှေ့နေရုံးမှာ အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို သက်ငယ်မုဒိန်းမှုဖြင့် ထောင်ဒဏ် နှစ်ပေါင်း ၃၃၀ ချမှတ်လိုက်ခဲ့တာလည်းဖြစ်ပါတယ်။

Alex Lopez အမည်ရတဲ့ အဆိုပါအမျိုးသားဟာ ဗီဆလီယာ(Visalia) မှာနေထိုင်တာဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည်အမှုအပြင် နောက်ထပ်စစ်ဆေးချက်များအရ အမှုပေါင်း ၂၂ မှု ထပ်မံ ပေါ်ပေါက်ခဲ့တာလည်းဖြစ်ပါတယ်။Lopez ဟာ ၁၆ နှစ် နီးပါးကာလဖြစ်တဲ့၁၉၉၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်းမှာ အသက် ၁၀ နှစ် သို့မဟုတ် အသက် ၁၀ နှစ်အောက်အရွယ်ရှိ အမျိုးသမီးငယ် ၄ ဦးနဲ့ အမျိုးသား ၁ ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တာလည်းဖြစ်ပါတယ်။

ခရိုင်ရှေ့နေချူပ် Tim Ward ကတော့ " အဓမ္မကျူးလွန်ခံရတဲ့ မိသားစုဝင်တွေကိုယ်စား ပြစ်မှုကျူးလွန်တဲ့ တရားခံကို တရားစီရင်နိုင်ခဲ့တဲ့ အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ဒါ့ပြင် ၎င်းကဆက်လက်ပြီး " လူမှုအသိုင်းအဝိုင်းတစ်ခုမှာ ကလေးသူငယ်တွေပေါ်ကျူးလွန်တဲ့ ပြစ်မှုထက် ပိုကြီးတဲ့ အမှုမရှိပါဘူး" လို့ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

source - china xinhua news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။