တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး အနုပညာရှင်ဆယ်လီ စုံတွဲဖြစ်တဲ့ ရိန်းနဲ့ ကင်တေးဟီးတို့ဟာ မကြာခင်ကပဲ သမီးဦးလေးကို မွေးဖွားခဲ့ပါတယ်..။ ဇနီးမောင်နှံ နှစ်ယောက်လုံးဟာ နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့အတွက် သူတို့နှစ်ဦးရဲ့ မင်္ဂလာသတင်းလေးဟာ ပရိသတ်တွေကိုပါ ပျော်ရွှင်ဝမ်းသာစေခဲ့ပါတယ်..။ သူတို့ရဲ့ ပျော်ရွှင်စရာသတင်းကောင်းလေးကို ရိန်းက သူ့ရဲ့ အင်စတာဂရမ်မှ တစ်ဆင့် ပရိသတ်တွေကို ပြန်လည်မျှဝေခဲ့တာ ဖြစ်ပါတယ်..။

လက်ရှိမှာ ခင်ပွန်းဖြစ်သူ ရိန်းက အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပေမယ့် မေမေ ဖြစ်သွားတဲ့ ကင်တေးဟီးကတော့ ရင်သွေးလေးကို ဂရုစိုက်၊ အာရုံစိုက်ချင်တာကြောင့် သူမရဲ့ အလုပ်တွေကို ရပ်နားထားပြီး သမီးလေးကိုပဲ ဂရုစိုက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။ ကင်တေဟီးရဲ့ အေဂျင်စီက အခုလို သတင်းထုတ်ပြန် ပြောကြားခဲ့ပါတယ်..။ “ကင်တေဟီးက သူမရဲ့ ရင်သွေးလေးကိုပဲ အာရုံစိုက်ပြီး စောင့်ရှောက်မှာဖြစ်တဲ့အတွက် အလုပ်တွေကို ရပ်နားထားပါတယ်..။ အလုပ်ကိစ္စတွေကိုတော့ ဘာအစီအစဉ်မှလည်း မဆွဲထားသေးပါဘူး..။

ခင်ပွန်းဖြစ်တဲ့ ရိန်းကတော့ သူ့ရဲ့ အလုပ်တွေကို ဆက်ပြီး လုပ်ဆောင်သွားမှာဖြစ်ပြီး သူ့ရဲ့ မီနီအယ်လ်ဘမ်အခွေအတွက် ပြင်ဆင်မှုများ ပြုလုပ်သွားမှာဖြစ်တယ် လို့ သိရပါတယ်..။ ရိန်းနဲ့ ကင်တေဟီးတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ က လက်ထက်ခဲ့ကြတာ ဖြစ်ပြီး ယခု အောက်တိုဘာ(၂၅)ရက်နေ့မှာ သမီးဦးလေးကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်..။ မိခင်ရော ကလေးပါ ကျန်းကျန်းမာမာတဲ့အတွက် ဖေဖေ ဖြစ်သွားပြီ ဖြစ်တဲ့ ရိန်းကတော့ သမီးဦးလေးနဲ့ ဇနီးဖြစ်သူကြောင့် အရမ်းကို ပျော်ရွှင် ကြည်နူးမှု ဖြစ်နေတယ်လို့ ဆိုပါတယ်..။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။