အိမ်ရှင်အားနဲ့မြန်မာကိုဖိကစားမယ်ဆိုတဲ့ကမ္ဘောဒီးယား

ဒီနေ့ညနေခြောက်နာရီမှာမြန်မာယူ-19ဟာအာရှဖလား

ခြေစစ်ပွဲအုပ်စုဒုတိယပွဲစဉ်အဖြစ်ကမ္ဘောဒီးယားနဲ့

ကစားရမှာပါ။ပြီးခဲ့တဲ့ပွဲစဉ်အရမြန်မာကဖိလစ်ပိုင်ကို

ခြောက်ဂိုးပြတ်နဲ့နိုင်ထားပြီးကမ္ဘောဒီးယားကတော့တရုတ်ကို

တစ်ဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ထားတာပါ။တရုတ်ကိုမိနစ်90ပြည့်တောင့်ခံကစားပြီးအဖိုးတန်

သရေတစ်မှတ်ရဖို့နီးစပ်ခဲ့ပေမယ့်နောက်တန်းကစားသမား

ကင်ချာရာရဲ့အမှားကနေဂိုးပေးလိုက်ရပြီးရှုံးနိမ့်ခဲ့ရတာပါ။ဒီနေ့ညနေမှာတော့

ဒီနှစ်သင်းရဲ့အရေးကြီးပွဲစဉ်အဖြစ်ကစားကြတော့မှာပါ။

ခမာနာမည်ကြီးသတင်းစာဖြစ်တဲ့The Morning ဟာ

မြန်မာအသင်းဟာအသင်းကောင်းတစ်ကောင်းဖြစ်ပြီး

အနိုင်ရဖို့ခက်ခဲပေမယ့်အိမ်ကွင်းမှာပရိသတ်အင်အားနဲ့

ဖိကစားရင်အနိုင်ရနိုင်တယ်လို့ပြောပါတယ်။ကမ္ဘောဒီးယား

ဟာမြန်မာကိုနိုင်ချင်ရင်စိတ်ဓာတ်ကောင်းကောင်းနဲ့ယုံကြည်မှအပြည့်နဲ့သာကစားနိုင်ရင်မြန်မာကိုမနိုင်စရာမရှိဘူးလို့

ပြောပါတယ်။မြန်မာအသင်းဟာလည်းခြေစစ်ပွဲအောင်မြင်ဖို့

ကမ္ဘောဒီးယားဆီကအမှတ်ရဖို့လိုအပ်နေသလိုကမ္ဘောဒီးယား

ကလည်ခြေစစ်ပွဲအောင်မြင်ဖို့မျှော်လင့်ချက်ဆက်လက်ရှင်သန်ဖို့မြန်မာကိုအနိုင်ရဖို့လိုပါတယ်။

ခမာပရိသတ်တွေဟာဘောလုံးကိုချစ်မြတ်နိုးကြသူတွေဖြစ်ပြီး

အားပေးကြမ်းသူတွေအဖြစ်နာမည်ကြီးပါတယ်။ဖနွမ်းပင်က

အိုလံပစ်ကွင်းကြီးထဲမှာကမ္ဘောဒီးယားဘောလုံးအသင်းတွေ

ကစားတိုင်းကွင်းလုံးပြည့်လျှံအားပေးလေ့ရှိကြပါတယ်။

ဒီနေ့ညနေမှာလည်းကမ္ဘောဒီးယားယူ-19ကိုအား

ပေးဖို့ပရိသတ်တွေအများကြီးလာရောက်ကြဖို့ရှိပါတယ်။

မြန်မာအသင်းအနေနဲ့ပရိသတ်ဖိအားပေးမှုကိုမမှုပဲ

ခမာတယအသင်းကိုနိုင်ပွဲရယူသွားနိုင်မလားဆိုတာကိုတော့..

source-The Morning

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။