ပြီးခဲ့သောတနင်္ဂနွေနေ့အန္ဒိယနိုင်ငံအနောက်ပိုင်းအန်ဒါပါဒက်ချ်မြို ့ရဲ ့လူတွေရှုပ်ယှက်ခတ်နေသောလမ်းမအလယ်ရှိသစ်ပင်အောက်တွင်ခေတ္တအနားယူနေစဉ် အသက်နှစ်ဆယ့်သုံးနှစ်အရွယ်ယောကျာ်းတစ်ဦး၏လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုကိုခံရသောအမျိုးသမီးအား မည်သူမျဝင်ရောက်ကူညီခြင်းမရှိသည့်ဖြစ်ရပ်တစ်ခု တွင်ဖြစ်ပွားခဲ့ပါတယ်။

သူမအားလိင်ပိုင်းဆိုင်ရာအနိုင်ကျင့်နေသည်ကိုမြင်ကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှဝင်ရောက်ကူညီကြခြင်းမရှိ သလိုအချို ့ကvideo ပင်ရိုက်ကူးနေကြသည်။ အချို ့က မျက်လုံးအကြည့်တစ်ချက်ပင်မရှိဘဲ မသိမဆိုင်သလိုလမ်းလျှောက်သွားနေကြသူများလည်းရှိပါသည်။

ပြစ်မှုကျူးလွန်သူ အမျိုးသား ဂန်ဂျီဆီးဗားဟာ ထိုအမျိုးသမီးကို မသိသလို အနိုင်ကျင့်ခံရသူအမျိုးသမီးမှာခင်ပွန်းဖြစ်သူနှင့်စကားများပြီးအိမ်မှထွက်လာကာ ယခုလို သစ်ပင်အောက်တွင်အနားယူနေတာလည်းဖြစ်ပါတယ်။

သူမသည်အချိန်အတော်ကြာကြာအစာမစားရမအိပ်ရသေးတာမို့အတော်အားနည်း နေသောကြောင့်သစ်ပင်ရိပ်မှာအိပ်စက်အနားယူမိစဉ်ယခုလိုလိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံ ရခြင်းဖြစ်ပါတယ်။ဒါကိုလမ်းတစ်ဖက်မှာရှိတဲ့လန်ခြားသမားကရဲကိုဖုန်းလှမ်းဆက်ပြီး အကူညီတောင်းလိုက်တာလည်းဖြစ်ပါတယ်။ 

Source - Metro

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။