မင်းသားဇေရဲထက်တစ်ယောက်တော့ နှစ်ကိုယ်ခွဲသရုပ်ဆောင်တော့မှာဖြစ်ပါတယ်။ ထူး ခြားတာတစ်ခုက နှစ်ကိုယ်က မတူတဲ့ Type နဲ့သရုပ်ဆောင်မှာဖြစ်ပါတယ်။ တစ်ကိုယ်က မိန်းမဖြစ်ပြီး တစ်ကိုယ်ကယောကျာ်းဖြစ်မှာပါ။ မင်းသမီးပက်ထရစ်ရှာနဲ့ တွဲဖက်ရိုက်ကူး ထားပြီး ရှာရှာကတော့ ဒီဇာတ်ကားမှာ Tom Boy (ယောကျာ်းလျှာ) လေးအဖြစ် သရုပ် ဆောင်မှာဖြစ်ပါတယ်။ စိတ်ဝင်စားစရာပဲနော် ပရိတ်သတ်ကြီး။

ယောကျာ်းလေးတစ်ယောက်လို အပြင်အဆင်နဲ့ရှာရှာတစ်ယောက် ဘယ်လိုတွေတောင် ချစ်ဖို့ကောင်းနေလဲဆိုတာ ပုံနှင့်တကွတင်ပေးမယ်နော်။ မိန်းကလေးလို ပြင်ဆင်လိုက်တိုင်း အစစ်မတွေထက်တောင် သာပြီးထူးထူးကဲကဲ လှနေတတ်တဲ့ ဇေရဲထက်ကိုတော့ အထူး ပြောစရာမလိုတော့ဘူးလို့ထင်ပါတယ်။ ရှာရှာနဲ့ ဇေရဲထက်တို့ရဲ့ ဟာသသရုပ်ဖော် ပုံစံလေး တွေကို ဒီဇာတ်ကားမှာတွေ့ရမှာပဲဖြစ်ပါတယ်။

ဇာတ်လမ်းစတင်ရိုက်ကူးတာ သိပ်မကြာသေးတဲ့အတွက် အခွေထွက်လာဖို့ကိုတော့ ပရိတ် သတ်တွေ အနည်းငယ်စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။ နှစ်ယောက်လုံးက သရုပ်ဆောင်ပိုင် နိုင်တဲ့ အနုပညာရှင်တွေဆိုတော့ ဇာတ်လမ်းလေးကအမိုက်စားလေးဖြစ်မှာပါ။ ဟာသ ဇာတ်လမ်းလေးဖြစ်လို့ ပရိတ်သတ်တွေ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် ကြည့်ရမှာ သေချာပါတယ်။ ရှာရှာက ဘယ်လိုတွေ ကျားလျားပြပြီး ဇေရဲထက်က ဘယ်လိုတွေ နွဲ့ နှောင်းပြမယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။ လောလောဆယ်တော့ ရိုက်ကွင်းပေါ်က ပုံလေး တွေ ပရိတ်သတ်ကြီးအတွက် တင်ပေးလိုက်မယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။