ဂိုးထမ်းပြီးပြန်သွားရတဲ့ဘရူနိုင်း

အီရန်နည်းပြကြီးပြည်တော်ပြန်သွားပြီးတဲ့နောက်မှာ

မြန်မာနည်းပြဦးဌေးမြင့်နဲ့ပွဲထွက်လာခဲ့တဲ့မြန်မာဖူဆယ်အသင်း

အဖွင့်ကောင်းခဲ့တယ်လို့ဆိုရမှာပါ။ကောင်းမွန်တဲ့ခြေစွမ်းတစ်

ရပ်ကိုထုတ်ပြနိုင်ခဲ့ပြီးအသင်းလိုက်စုစည်းမှုမှာလည်းထိပ်တန်း

အဆင့်ရှိနေတယ်လို့ဆိုရမှာပါ။မြန်မာအသင်းပါဝင်တဲ့အုပ်စုမှာ

အိမ်ရှင်ဗီယက်နမ်၊အင်ဒိုနီးရှား၊ဘရူနိုင်း၊ဖိလစ်ပိုင်တို့ပါဝင်ကြပြီး

အုပ်စုတက်ဖို့ကတော့ဒေသတွင်းဖူဆယ်အင်အားကြီး

ဗီယက်နမ်၊အင်ဒိုတို့နဲ့ရင်ဆိုင်ယှဉ်ပြိုင်ရမှာပါ။

မန်မာအသင်းပွဲကိုလည်းဗီယက်နမ်၊အင်ဒိုအသင်းကက

နည်းပြအထွဲ့ဝင်တစ်ချို့လာရောက်စနည်းနာခဲ့တာကို

တွေ့ရပါတယ်။မြန်မာဖူဆယ်အသင်းရဲ့ဘောလုံးဦးနှောက်က

အသင်းခေါင်းဆောင်အောင်အောင်လို့ပြောလို့ရပြီးသူရဲ့အကွက်မြင်မှုတွေဟာလက်ဖျားခါလောက်စရာပါ။

သူနဲ့အတူအတွဲညီညီခြေစွမ်းပြခဲ့သူကပြည့်ဖြိုးမောင်(3)ပါ။

တခြားကစားသမားတွေကလည်းတာဝန်ကျေတာထက်ပိုခဲ့

တာကြောင့်ပထမပိုင်းအပြီးမှာ8ဂိုးပြတ်ဦးဆောင်ထားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့မြန်မာအသင်းကစားအားအနည်းငယ်ကျ

သွားခဲ့ပါတယ်။ဘရူနိုင်းအသင်းကထိုအချက်ကိုအခွင့်ကောင်း

ယူပြီးချေပဂိုးတွေပြန်ရဖို့ကြိုးစားလာတာကိုလည်းတွေ့ရပါတယ်။

ဒုတိယပိုင်းမှာရတဲ့အခွင့်အရေးတွေကိုဘရုနိုင်းဂိုးအဖြစ်ပြောင်းလဲဖို့ကြိုးစားခဲ့ပေမယ့်မြန်မာ

ဂိုးသမားကျော်ထက်အောင်လက်စွမ်းပြကာကွယ်သွားနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်းမြန်မာတို့ဂိုးတွေရစပ်ဆက်သွင်းခဲ့ပြီး

13ဂိုးဂိုးမရှိနဲ့ပွဲအပြီးမှာအနိုင်ရခဲ့ပါတယ်။ဘရူနိုင်းကတော့

ဂိုးတွေထမ်းပြီးပြန်သွားရတာပေါ့နော်။

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။