မတရားမှုတွေနှင့် စွပ်စွဲခံထားရတဲ့ လိပ်ကျွန်းက မြန်မာနိုင်ငံသားနှစ်ယောက်အတွက် မျှော်လင့်ချက်ရောင်ခြည်တွေ နောက်ဆုံးတော့ထွက်ပေါ်လာပါပြီ။

မြန်မာနိုင်ငံသားနှစ်ယောက်ကို နိုင်ငံခြားသူကို သတ်တဲ့အမှုနှင့် ပတ်သက်ပြီး မတရားသဖြင့်သေဒဏ်ချမှတ်ခံရတာတွေ၊ ဝန်ခံဖို့ခြိမ်းခြောက်ခြင်းခံရတာတွေ စတဲ့ မသမာမှုတွေကို ခံစားနေရတဲ့ ကိုယ့်နိုင်ငံသားနှစ်ယောက်အတွက် အစိုရပါမက အများပြည်သူတွေပါ ဝိုင်းဝန်းကူညီခဲ့ကြတဲ့အပြင် ပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် မျှော်လင့်ချက်တွေပေါ်ထွက်လာပါတယ်။

လိပ်ကျွန်းလူသတ်မှု ပတ်သက်ပြီး မြန်မာလုပ်သား နှစ်ဦးဘက်မှ ရှေ့နေများက အယူခံတင်သွင်းထားရာ နိုဝင်ဘာ ၁၁ ရက်(ယနေ့)တွင် အယူခံတရားရုံးမှ အမှုစ တင်စစ်ဆေးကြောင်း အဆိုပါ အလုပ်သမားများ ကူညီဆောင်ရွက်သူများ ထံမှ သိရသည်။

လိပ်ကျွန်းအမှု ပတ်သက်ပြီး မြန်မာလုပ်သား နှစ်ဦးဖြစ် သည့် ဇော်လင်းနှင့် ဝေဖြိုးတို့အား ထိုင်းနိုင်ငံ တရားရုံးမှ ပြစ်ဒဏ် ချမှတ်ပြီးနောက် ၄င်းတို့အား ကူညီ ဆောင်ရွက်သည့် ရှေ့နေအဖွဲ့အစည်းက အယူခံဆက်လက် တင်သွင်းခဲ့သည်။ မြန်မာလုပ်သားများဘက်မှ အယူခံနှင့် ဆိုင်သည့် သက်သေစာရွက်စာတမ်းများ တင်သွင်း ထားသော်လည်း တရားလို အစိုးရရှေ့နေဘက်မှ နိုဝင်ဘာ ၁၀ ရက် ညနေ ၄ နာရီအထိ အယူခံနှင့်ဆိုင်သည် အချက်အလက်များ မတင်သွင်းသည့်အတွက် ယနေ့တွင် အယူခံတရားရုံးမှ အမှုစတင် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ ရွေ့ပြောင်း လုပ်သားများ ကူညီ ဆောင်ရွက်သည့် MWRN မှ ဦးစိန်ဌေးက “သူတို့ဘက်က အယူခံမတင်ဖြစ်ဘူး။ အခု အယူခံတရားရုံးက စပြီး အမှုတွဲတွေ သက်သေ စာရွက်စာတမ်းတွေ စ စစ်တော့မယ်။ အထွေအထူးတော့မရှိဘူး။ အယူခံ တရားရုံးက ပြန်စစ်မှာပဲ ဒီရက်က စပြီး စစ်နေတော့ မှာပေါ့။ လုပ်ထုံးလုပ်နည်းအရပေါ့” ဟု ပြောသည်။

အယူခံတရားရုံးက အယူခံလွှာများနှင့် အောက်ရုံးတွင် ပေးထားသည့် လျှောက်လဲ ချက်များ၊ သက်သေ အထောက်အထားများကို ယနေ့စတင် စစ်ဆေးနေခြင်းဖြစ် သည်။ အယူခံတရားရုံးက စစ်ဆေးခြင်းပြီးပါက အယူခံတရားရုံး၏ စီရက်ချက်ချမည့် နေ့ကို သတ်မှတ်ပြီး စီရင်ချက် ချမည်ဖြစ်ကြောင်း သိရသည်။

အယူခံတရားရုံးမှ စီရင်ချက်ချမှတ်ရာတွင် မည်သူဘက် နိုင်သည် ရှုံးသည်ချမှတ်မည် ဖြစ်သော်လည်း နောက်တစ်ဆင့် ဖြစ်သည့် အမြင့်ဆုံး တရားလွှတ်တော်ချုပ်ရုံးသို့ ဆက်တက် သွားနိုင်ခြေ ရှိကြောင်း မြန်မာ လုပ်သား နှစ်ဦး ဘက်မှ လိုက်ပါဆောင်ရွက်သူများက ဆိုသည်။

အဆိုပါ အမြင့်ဆုံး တရားလွှတ်တော်ချုပ်မှ စီရင်ချက်ချပြီးပါက လုပ်ထုံးလုပ်နည်းအရ အမှုပြီးဆုံးမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေ့များ အဆိုအရ နောက်ထပ် ၂ နှစ်၊ ၃ နှစ် ကြာသွားနိုင်ခြေရှိကြောင်း ကူညီဆောင်ရွက်ပေးသူများ ထံမှ သိရသည်။

ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိသျှ စုံတွဲနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး ကော့စမွီတရားရုံးမှ ကိုဇော်လင်းနှင့် ကိုဝင်ဇော်ထွန်းတို့အား ယမန်နှစ်က သေဒဏ် ချမှတ်ထားခြင်း ဖြစ်ကာ ယခုအခါ ခရိုင်အဆင့် တရားရုံးတွင် အယူခံဝင်နေခြင်း ဖြစ်သည်။

Anna

Source: The Ladies News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။