တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း မော်ဒယ် မင်းသားတစ်လက်ဖြစ်တဲ့ လီဂွမ်ဆူဟာ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်သူ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ရဲ့ မင်္ဂလာပွဲမှာ MC ပြုလုပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်..။ မကြာခင်ရက်ပိုင်းက ဆောင်းဂျွန်ကီတို့ရဲ့ လက်ထက်မင်္ဂလာပွဲမှာ လီဂွမ်ဆူတစ်ယောက် MC ပြုလုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်..။ အရင်ကလည်း မင်္ဂလာပွဲမှာ သတို့သားအရံပြုလုပ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်..။ အခု တစ်ခါမှာတော့ လီဂွမ်ဆူရဲ့ အေဂျင်စီက အဲ့ဒီသတင်းတွေဟာ မဟုတ်မမှန်ကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်..။

လီဂွမ်ဆူရဲ့ အေဂျင်စီဖြစ်တဲ့ အင်တာတိန်းမန့်က အဲ့ဒီကောလဟာလသတင်းကိုတွေ အခုလို တုန့်ပြန်ပြောကြားခဲ့ပါတယ်..။ “လီဂွမ်ဆူဟာ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ဆောင်ဂျွန်ကီတို့ရဲ့ မင်္ဂလာပွဲကို တတ်ရောက်မှာဖြစ်ပြီး MC တစ်ယောက်အနေနဲ့တော့ ပြုလုပ်ဖြစ်မှာ မဟုတ်ပါဘူး..။ ထွက်ရှိနေတဲ့ MC လုပ်မယ်ဆိုတဲ့ သတင်းတွေဟာလည်း တကယ် မဟုတ်ပါဘူး..လို့ သိရပါတယ်..။ လီဂွမ်ဆူနဲ့ ဆောင်ဂျွန်ကီတို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြပြီး ဆောင်းဟေဂိုနဲ့ တွဲနေတဲ့အကြောင်းကိုလည်း ဆောင်းဂျွန်ကျီက တရားဝင်ကြေညာမှ သိရပြီး အံ့သြခဲ့ပါတယ်..။

အဲ့ဒီအတွက်လည်း လီဂွမ်ဆူတစ်ယောက် သူ့ကို အရင်မပြောပြဘဲ ကြိုမသိရတဲ့အတွက် စိတ်ကောက်ခဲ့ပါသေးတယ်..။ လီဂွမ်ဆူဟာ တောင်ကိုရီးယားနိုင်ငံမှာသာ မက အာရှနိုင်ငံတွေရဲ့ ပရိသတ်အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့အတွက် အားရှိမင်းသားလေးလို့လည်း ပြောစမှတ်ပြုခံခဲ့ရသူ ဖြစ်ပါတယ်..။ လာမယ့် အောက်တိုဘာ(၃၁)ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်သူ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ရဲ့ လက်ထက်ပွဲကိုတော့ မဖြစ်မနေတတ်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်..။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။