ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ City Square Junction Center အနားရှိရွှေဆိုင်တစ်ဆိုင်ကို အောက်တိုဘာလ (၂၆) ရက်နေ့ နေ့လည် (၁) နာရီခန့်က လုံဝမ် အမည်ရှိရွှေဆိုင်တစ်ဆိုင်ကို သေနတ်ဖြင့် ခြိမ်းခြောက်လုယက်သူ ကိုလုံခြုံရေးတွေကပဲ ဖမ်းမိခဲ့တာဖြစ်ပါတယ်။၄င်း၏ သေနပ်အားပြန်လည်စစ်ဆေးရာမှာတော့ သေနပ်ဟာသေနပ်အတုဖြင့်တိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။

ထိုဖြစ်စဉ်ကို လုံဝမ်ရွှေဆိုင်ပိုင်ရှင် ဖြစ်သူက အောက်ပါအတိုင်း ပြောသည်။

“ တဆင့်ပြန်ရောင်းဖို့ သိန်း ၂၀၀ ဖိုးလောက် လိုတာပေါ့။ CB ဘဏ်မှာ ငွေသွားထုတ်မယ်ဆိုပြီး သွားပြီး ပြန်လာတယ်။ ထုတ်လို့ မရသေးဘူးတဲ့ ၊ ကျွန်တော် ဓါတ်ပုံ ရိုက်ကြည့်ချင်တယ်ဆိုလို့ ဗီရိုပေါ်မှာ အပြည့်ခင်းပြရတာပေါ့။ ခင်းပြတော့ ဓါတ်ပုံရိုက်တယ်။ ဟိုလိုလို ဒီလိုလိုနဲ့ပေါ့။ တစ်ယောက်ထဲ ရှုပ်ရှတ်ခတ်နေတယ်။ ပြီးတော့ ဖုန်းဆက်တယ်။ ကောင်မလေးတစ်ယောက် နဲ့ ပြောရင်းနဲ့ ဟာ ရပြီဆိုပြီးတော့ ကျွန်တော်ဖုန်း တွေ့တဲ့အချိန်မှာ CCTV မှာ သေနတ်ထုတ်တာ လာပေါ်တယ် ။ ကျွန်တော် သတိမထားမိဘူး။ ကျွန်တော် ဖုန်း ပိတ်တော့ သေနတ် ပြန်ထည့်လိုက်တယ်။ ဒီ စီစီတီဗီမှာ လာပေါ်တယ်။ ပြီးတော့ သူကျွန်တော့် ဖုန်းကို ပြန်ကိုင်ပြီး ပြောတယ်။ အကုန်လှမ်းကြံုးလိုက်တယ်။ သေနတ်ထုတ်တယ်။ ကျွန်တော်က ဆိုင်အပြင်ကနေ ကျွန်တော့် အမျိုးသမီး ကို လှမ်းချိန်လိုက်တော့ သေနတ်ပုံစံက အတုကြီးပေ့ါ။ သူက အထွက် ကျွန်တော်က အဝင် သူက သေနတ် နဲ့ လှမ်းပစ်လိုက်တယ်။ ကျွန်တော်ငုံ့ပြီးတော့ ခါးကို ၀င်ဖက်လိုက်တယ်။ ကျွန်တော် ပစ်ထုတ်လိုက်တယ်။ ကျွန်တော်တောင် ဒူးပဲ့သွားတယ်။ ကျွန်တော် မှောက်သွားပြီး သေနတ်စင်သွားတယ်။ ဆိုင်ကယ်က အော်တို ဆိုင်ကယ်အသစ်၊ ဆိုင်ကယ်ပေါ် တက်ရင် ကျွန်တော် မှီတယ်။ သူမတက်ရဲဘူး။ လှမ်း ပြေးတာ အိုးရှင်းထဲ ကားပါကင်ကို ပြေးတော့ အကူအညီတောင်းတော့ တန်းလိုက်တယ်။ ဘာမှတော့ မပါသွားဘူး။ ခုတော့ ရဲဖမး်သွားပါပြီ။ ”ဟု လုံဝမ် ရတနာရွှေဆိုင်ပိုင်ရှင် ဖြစ်သူက ပြောကြားသည်။ 

“အဓိကတော့ လုံခြံုရေးေတွေ ဖမ်းတာပေါ့နော။် သူ့ဆိုင်ကယ် ရှိတယ်။ ပြေးမတက်ဘဲနဲ့ စင်တာထဲကို ၀င်သွားတယ်။ အရေးပေါ် လှေကားပေါ်ကနေ တက်တယ်။ အဝင်ပဲ ရတယ်။ အထွက်က တစ်ပေါက်ပဲ ရတာပေါ့။ အဲဒီမှာ ပြန်မထွက်တတ်တော့ဘဲ ပုန်းနေရင်း အခန်းထဲမှာ အောင်းနေတာ။ ဘယ်နားသွားတွေ့လဲ ဆိုတော့ B1 နေရာမှာ အကျီ င်္ပန်းရောင်နဲ့ပေါ့။ အကျီ င်္ပန်းရောင်ကို ဆက်လိုက်တော့ရဲတွေကိုလည်း ခေါ်လိုက်တော့ ချက်ချင်း ရောက်လာတော့ ပူးပေါင်းပြီး ဖမ်းလိုက်ပါတယ်။ ”

source - Eleven media group

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။