ပြည်သူ့အချစ်တော် မအေးသောင်းကတော့ သူမရဲ့ အသက်(၁၆)နှစ်အရွယ်က ဓာတ်ပုံလေးတွေကို တင်လိုက်ပါတယ်…။ ဓာတ်ပုံတွေထဲမှာ မအေးသောင်းက တကယ်ကို ချစ်စရာကောင်းနေပါတယ်..။ လူချစ်လူခင်ပေါများတဲ့ မအေးသောင်းလေးဟာ ငယ်စဉ်ကလေးဘဝကတည်းက ချစ်စရာကောင်းနေတော့တာပါပဲ..။ သူမရဲ့ ချစ်စရာကောင်းတဲ့ ငယ်ဘ၀ ဓာတ်ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်တင်ပြလိုက်ပါတယ်..။

မအေးသောင်းက သူမရဲ့ fb စာမျက်နှာမှာ ငယ်ဘဝဓာတ်ပုံလေးတွေကို တင်ရင်း အခုလိုလေးလည်း ပြောထားပါတယ်..။ “အသက် ၁၆ နှစ်အောက်ပုံများစုစည်းတင်ဆက်မှု ? တချို့ပုံတွေမှာ ကိုယ့်ကိုတွေ့ရင် အဝိုင်းဝိုင်း ပြပါ။ ” လို့ လည်း ရေးသားထားပါတယ်..။ ကဲ.. ပရိသတ်ကြီးလည်း ဓာတ်ပုံတွေထဲမှာ မအေးသောင်းလေးကို တွေ့ရင် အဝိုင်းလေး ဝိုင်းပြီး ပြောပြလိုက်ပါဦးနော်.. ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အောင်မြင်တဲ့ ကိုယ်ပိုင်စီးပွားရေးတွေ လုပ်ဆောင်နေတဲ့ ဘဝကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်..။

အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်လာပြီး ဇာတ်ကားများလည်း ပြန်ရိုက်ကူးနေပြီ ဖြစ်ပါတယ်..။ ရုပ်သံဇာတ်လမ်းတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်..။ အခမ်းအနားပွဲများ တတ်ရောက်ခြင်းနှင့် ကြော်ငြာများလည်း ရိုက်ကူးမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်..။ အချစ်ရေးအနေနဲ့ကတော့ ချစ်သူရှိပေမယ့် အိမ်ထောင်ပြုဖို့အထိတော့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။