နှုတ်ခမ်းနီ်မလေးတွေရဲ့အသဲတစ်ခြမ်းတင်မဟုတ်အသဲတစ်ခုလုံးကတော့မော်ဒယ်သရုပ်ဆောင်ညိမ်းသော်ပဲဖြစ်ပါတယ်။သူရဲ့ချစ်စရာအပြုံးလေးတွေကနှုတ်ခမ်းနီမလေးတွေကိုငြို့ယူဖမ်းစားထားပါတယ်။တည်ကြည်ခန့်ငြားပြီးချစ်စရာအပြုံးလေးတွေကြောင့်သရုပ်ဆောင်ငြိမ်းသော်ရဲ့ပရိသတ်တွေကတော့မြန်မာLee Min Hoလိုပင်ချစ်စနိုးနဲ့

ခေါ်ဝေါ်နေကြတာလဲပရိသတ်တွေသိကြမယ်ထင်ပါတယ်။

ညိမ်းသော်ဟာအမြဲလိုလိုတည်ကြည်ခန့်ညားပြီးချောမောလှပတဲ့Gentlemanဆန်ဆန်ဖက်ရှင်လေးတွေနဲ့တွေ့မြင်နေရကြပဲဖြစ်ပါတယ်။ငြိမ်းသော်ရဲ့ပရိသတ်တွေဟာအမြင်အသစ်လေးနဲ့မြန်မာဆန်ဆန်ချစ်စရာကောင်းလေးတစ်ယောက်အဖြစ်တွေ့မြင်ချင်နေကြတာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ပရိသတ်တွေမြင်တွေ့ချင်နေတဲ့ငြိမ်းသော်ရဲ့မြန်မာဆန်ဆန်ချစ်စရာကောင်းလေးတစ်ယောက်အဖြစ်ချပြလိုက်ပြီပဲဖြစ်ပါတယ်။လည်ကတုံးအဖြူလေးနဲ့ပုဆိုးလေးဝတ်ဆင်ထားတဲ့မြန်မာဆန်ဆန်ချစ်ဖို့ကောင်းနေတဲ့ပုံရိပ်လေးတွေကိုလဲသူရဲ့လူမှုကွန်ယက်ကနေမျှဝေထားပြီးနှုတ်ခမ်းနီမလေးတွေအသဲကိုထပ်မံဖမ်းစားလိုက်တာပဲဖြစ်ပါတယ်။  

သူရဲ့လူမှုကွန်ယက်မှာမျှဝေထားတဲ့မြန်မာဝတ်စုံလေးနဲ့ပုံရိပ်လေးတွေဟာလဲပရိသတ်တွေကိုအချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။လက်တလောမှာတော့ဓာတ်ပုံရှုတင်လေးတွေလဲရိုက်ဖြစ်နေတယ်လို့သိရပါတယ်။အနုပညာလုပ်ငန်းတွေအများကြီးလုပ်ကိုင်သွားပြီးပရိသတ်တွေအတွက်အကောင်းဆုံးကြိုးစားသွားမှာပါလို့လဲပြောပါတယ်။ပရိသတ်တွေတွေ့မြင်ချင်တဲ့ညိမ်းသော်ရဲ့မြန်မာဆန်ဆန်ပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ညိမ်းသော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။