အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်တွေချစ်ရတဲ့သူတစ်ဦးလည်း ဖြစ်သူကတော့ ပိုင်ဖြိုးသု ဖြစ်ပါတယ်။ ပညာရေးပိုင်းမှာသာမက အနုပညာဖက်မှာလည်း ထူးချွန်တဲ့ သူမဟာ အနုပညာလောကက မင်းသမီးတွေထဲမှာဆိုရင်တော့ သူမငယ်စဉ်ကတည်းက အားကျခဲ့ရတာကတော့ အူဝဲ ဖြစ်တယ်ဆိုပြီး အင်တာဗျူးတွေမှာ ဖြေဆိုလေ့ရှိပါတယ်။

ယနေ့ ၂၇ နေ့ကတော့ ပရိသတ်တွေအားလုံး မျှော်လင့်နေကြတဲ့ အူဝဲရဲ့ "ရင်ဘတ်ထဲက ဓား" ဇာတ်ကားကြီး ရုံတင်တဲ့နေ့ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ ကြိုတင်လက်မှတ်ရောင်းရငွေအများဆုံးအဖြစ် စံချိန်တင်ထားပြီး ပိုင်ဖြိုးသုတစ်ယောက်လည်း သူ့ရဲ့ချစ်သူကို လက်မှတ်ကြိုဝယ်ဖို့ ယခုလိုဆိုထားတာ တွေ့ရပါတယ်။

"သို့

သက်ဆိုင်သူ

မနက်ဖြန် နေ့တစ်ပိုင်း သုသုမ အားသည်....

"ရင်ဘတ်ထဲကဓါး" 1st day 1st show ကြည့်ချင်သည်...

လက်မှတ်ရအောင် ဝယ်၍လိုက်ပြပါ....

မကြည့်ရလျှင် ဝက်ဝက်ကွဲ စိတ်ကောက်မည်ဖြစ်ကြောင်း ကြိုတင် စစ်ကြေငြာလိုက်သည်....

Ps : ဒီpostကိုမမြင်မိပါဟုငြင်းမည်မကြံနှင့် ရှင်ကြီးသုသုမ Account ကို like မပေး comment မပေးပဲ အကြီးအကျယ် stalk နေတာသုသုမ ကောင်းကောင်းသိသည် ???" ဆိုုပြီး ရေးသားထားပါတယ် ပရိသတ်ကြီးရေ။ ကဲ ဒီနေ့ အူဝဲရဲ့ ဇာတ်ကားသွားုကည့်မယ့်သူတွေ သုသု တို့အတွဲကို ရှာခဲ့ကြဦးနော်..........

Source: Paing Phyo Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။