ကျနော်တို့ မြန်မာပြည်ထဲမှာ ဂုဏ်ယူစရာ၊အတုယူစရာ အများကြီးရှိပါတယ်။ ကျနော်တစ်ခု တင်ပြပါ့မယ်။(တခြားဘာသာဝင်များလည်း ဗဟုသုတ အနေဖြင့်ပဲ ဖတ်ပေးပေါ့နော် :) ) အားလုံးပဲ မင်းကွန်းဆရာတော်ဘုရားကို သိကြမှာပါ။ မင်းကွန်းဆရာတော်ဘုရားဟာ ဉာဏ်အလွန်ကောင်းပါတယ်။

ကမ္ဘာပေါ်မှာ အခက်ခဲဆုံး စာမေးပွဲဖြစ်တဲ့ တိပိဋကဓရရွေးချယ်ရေး စာမေးပွဲ မှာ (ရေးဖြေ) -

သီလက္ခန္ခဝဂ် - ၉၃-မှတ်

မဟာဝဂ် - ၉၇-မှတ်

ပါတိကဝဂ် - ၉၇-မှတ်

ပါရာဇိကဏ် - ၈၉-မှတ်

ပါစိတ်ပါဠိတော် - ၉၉-မှတ်

မဟာဝဂ္ဂပါဠိတော် - ၉၂-မှတ်

စူဠဝဂ္ဂပါဠိတော် - ၉၈-မှတ်

ပရိ၀ါပါဠိတော် - ၁၀၀-မှတ် ဖြင့် ဂုဏ်ထူးဖြင့် အောင်တော်မူပါတယ်။ စာမေးပွဲက ရ၅ ရမှ အောင်တာပါ ၈၅ က ဂုဏ်ထူးမှတ်ပါ။ ဘာလို့ခက်ခဲလဲလို့ ဆိုရင် ပိဋကတ်သုံးပုံကို အလွတ်ဆို ရာတွင် မနက် ၈နာရီ ကနေ ၁၀ နာရီ အထိ တစ်ကြိမ်၊ နေ့လယ် ၁ နာရီ ကနေ ၄ နာရီ အထိ တစ်ကြိမ် တစ်နေ့မှာ နှစ်ကြိမ်သာ စာပြန်ရပါတယ်။ တစ်နေ့လုံး စာစစ်သူက ၅ ခါပဲ ထောက်ပေးရပါတယ်။ ၅ ခါ ကျော်ရင် စာမေးပွဲ ကျပါတယ်။

ဆရာတော်ကတော့ တစ်ခါမှ ထောက်ပေးစရာ မလိုခဲ့ပါဘူး။ ပိဋိကတ်သုံးပုံကို အထောက်ကင်းစွာဖြင့် အာဂုံပြန်ဆို နိုင်သော ကြောင့် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘွဲ့တော်ကို ဆက်ကပ် ခြင်းခံရပါတယ်။တရားဘဏ္ဍာစိုးလို့ အဓိပ္ပယ်ရပါတယ်။ဉာဏ်အလွန်ကောင်းသည့်အတွက် ကမ္ဘာ Guinness Book Of World Records ၁၉၈၅ မှာ Human Memory အပိုင်းမှာ မှတ်ဉာဏ်အကောင်းဆုံးသူအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။ ဆရာတော်ဘုရားဟာ ၉-၂-၁၉၉၃ မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။

ဆရာတော်ကိုရှိသေစွာရှိခိုးပါတယ်ဘုရား။

source - Greeen Building Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။