ပြောစရာစကားလုံးရှာမရတဲ့မြန်မာအသင်းရဲ့ရှုံးပွဲ

မြန်မာအသင်းရဲ့ရှံုးပွဲကတော့ပြောစရာစကားလုံး

မရှိလောက်အောင်ပါပဲ။တကယ်ကိုပဲအံ့အားသင့်ရတဲ့

ပွဲတစ်ပွဲလို့်ပြောလိုက်ပါရစေ။လက်ရွေးစင်မှာပဲဖြစ်ဖြစ်

သက်တမ်းအလိုက်မှာမှာပဲဖြစ်ဖြစ်အမြဲနိုင်နေကျခမာကို

မနေ့ကသုံးဂိုးနှစ်ဂိုးနဲ့အရှက်တကွဲရှံုးပါတယ်။ဒီရှံုးပွဲ

အတွက်ဆင်ခြေတွေမလိုပါဘူး။ရှုံးသင့်လို့ရှံုးခဲ့ရတာ

လို့ပဲမြင်ပါတယ်။

မနေ့ကပွဲမှာမြတ်ကောငး်ခန့်ခြေမပေါ်တာကလည်း

ရှုံးပွဲရဲ့အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်သွား

ပါတယ်။ဒါပေမယ့်မြန်မာနည်းပြကြီးမှာလည်းPlan Bမရှိဘူး

ဆိုတာထင်ရှားပါတယ်။ခြေစွမ်းမပြနိုင်တဲ့ဝင်းနိုင်ထွန်း၊

မြတ်ကောင်းခန့်တို့ကိုထုတ်ပြီးကစားကွက်ပြောင်းလဲရ

မယ့်အစားဘာမှမလုပ်ခဲ့ပါဘူး။ပထမပိုင်းမှာနှစ်ဂိုးအပြတ်ဦး

ဆောင်ထားနိုင်ခဲ့ပေမယ့်ဒုတိယပိုင်းမှာသုံးဂိုးပေးပြီး

ပြန်ရှံုးတာကြီးကတော့တော်တော်မဖြစ်သင့်တဲ့ကိစ္စပါ။

ဒုတိယပိုင်းဘာလို့သုံးဂိုးပေးရလဲဆိုဆန်းစစ်ကြည့်ရင်

အချက်သုံးချက်သွားတွေ့ရပါတယ်။တစ်အချက်က

ကစားသမားတွေရဲ့သက်လုံကျဆင်းလာမှူဖြစ်ပါတယ်။

ပထမပိုင်းအသင်းနဲ့ဒုတိယပိုင်းအသင်းဘာမှမဆိုင်

လောက်အောင်ကိုပဲဖြစ်သွားပါတယ်။ဒုတိယကတော့

မြန်မာဂိုးသမားရဲ့တည်ကန်ဘောကနေနှစ်ဂိုးပေးခဲ့

ရမှုပါပဲ။ဒါမဖြစ်သင့်ပါဘူး။နောက်ဆုံးအချက်ကတော့မြန်မာ

နည်းပြရဲ့ဒုတိယပိုင်းနည်းဗျူဟာအပြောင်းအလဲပါပဲ။

အနိုင်ဂိုးနှစ်ဂိုးကိုထိန်းကစားဖို့ဆုံးဖြတ်ခဲ့တဲ့သူ့ရဲ့နည်း

ဗျုဟာဟာမြန်မာအသင်းကိုရှုံးနိမ့်စေခဲ့ပါတယ်။

ရွှေပြည်တော်မျှော်တိုင်းဝေးပါပဲ ။.

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။