သင့်ကိုယ်သင် ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်ဆိုပြီး သတ်မှတ်ထားပါသလား။ သင့်ရဲ့ DNA အရတော့ သင်ဟာသင်မဟုတ်ဘူးလို့ဆိုပါတယ်။ သိပ္ပံနည်းကျ နောက်ဆုံးလေ့လာတွေ့ရှိချက်အရ သင့်ရဲ့ DNA အပါအဝင် အခြားသောလူရာပေါင်းများစွာရဲ့ DNAတွေက အဖြေတစ်ခုတည်းကို ညွှှန်ပြနေတယ်လို့ဆိုပါတယ်။

ဒီစမ်းသပ်ချက်ကို Momondo လို်ခေါ်တဲ့ ခရီးသွားအေဂျင်စီကနေ အကူအညီပေးခဲ့ပြီး ဒီစမ်းသပ်ချက်အတွက် နိုင်ငံတကာက ခရီးသွားများစွာကနေ သူတို့ရဲ့သွေးကို ပေးပြီး ပါဝင်ကူညီခဲ့ပါတယ်။ သင့်ရဲ့ ပတ်ဝန်းကျင်၊ သင်နဲ့တစ်မြေတည်းနေထိုင်တဲ့သူက သင်နဲ့အမျိုးလာတော်နေတယ်ဆိုရင်​ သင်ယုံကောင်းယုံပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံရပ်ခြား၊ အသားအရောင်မတူတဲ့လူတစ်ယောက်က သင်နဲ့ DNA အရ အမျိုးလာတော်နေတယ်ဆိုရင်တော့ သင်လက်ခံချင်မှလက်ခံနိုင်ပါလိမ့်မယ်။

အဆိုပါ လေ့လာစမ်းသပ်မှုရဲ့ တွေ့ရှိချက်အရတော့ လူတွေရဲ့ DNA ဟာ သန့်စင်ပါတယ်လို့ပြောပါတယ်၊ မတူညီတဲ့နိုင်ငံ၊ ရေမြေ၊ အသားအရောင်မတူတဲ့ ခရီးသွားတွေရဲ့ DNA တွေမှာတော့ သူတို့ကို အဖြူပါ၊ အမည်းပါ၊ အဝါပါဆိုပြီး သတ်မှတ်ပေးထားတာမျိုးမရှိပါဘူး။ လူတွေအားလုံးရဲ့ DNA ဟာ သန့်စင်ပြီး သင်ဟာ လူတစ်ယောက်ဖြစ်တယ်ဆိ်ုတာကိုပဲ ဖော်ပြပေးပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။