ပရိသတ်တွေကိုဟာသပြတ်လုံးတွေနဲ့အမြဲတမ်းပျော်ရွှင်ရယ်မောမှုတွေဖန်တီးတင်ဆက်ပေးလေ့ရှိတဲ့ဟာသလူရွှင်တော်ဝိုင်းချစ်ပဲဖြစ်ပါတယ်။လူရွှင်တော်ဝိုင်းချစ်ဟာပရိသတ်တွေမြင်တွေ့လိုက်တိုင်းရယ်မောပျော်ရွှင်မှုတွေကိုကြိုးစားတင်ဆက်လေ့ရှိပေမယ့်ပရိသတ်တွေနောက်ကွယ်မှာတော့မရယ်နိုင်မမောနိုင်ဖြစ်နေရပါတယ်။လူရွှင်တော်ဝိုင်းချစ်ရဲ့ချစ်ရတဲ့သားလေးမြတ်ဘုန်းမိုရ်ဟာစက်ဘီးမှောက်ပြီးမျက်နှာမှာဒဏ်ရာပြင်းထန်စွာရရှိခဲ့တာကြောင့်ပဲဖြစ်ပါတယ်။မျက်နှာတစ်ခြမ်းလုံးမျက်လုံးအောက်ကနေနှုတ်ခမ်းပေါ်အထိဒဏ်ရာပြင်းထန်စွာရရှိခဲ့တာကြောင့်သားလေးအတွက်အရမ်းကိုစိတ်ပူခဲ့ရပါတယ်လို့ဆိုပါတယ်။

ကလေးကမျက်နှာတစ်ခြမ်းလုံးထိသွားတာဖြစ်ပြီးအနာအရှိန်ကြောင့်ဖျားတော့တော်တော်လေးစိတ်မကောင်းဖြစ်ရပါတယ်လို့ဆိုပါတယ်။မျက်နှာကဒဏ်ရာအနာကတစ်မျိုးအနာအရှိန်ကြောင့်ဖျားတာကတစ်မျိုးဆိုတော့တော်တော်လေးအလူးအလဲခံခဲ့ရတာပါလို့ဆိုပါတယ်။သားလေးကိုကြည့်ပြီးသူခံစားရတဲ့ဝေဒနာတွေကိုသူ့အစားကိုယ်သာခံလိုက်ချင်တယ်လို့ဆိုပါတယ်။ဖခင်တစ်ယောက်အနေနဲ့သားသမီးတွေခံစားနေရတဲ့ဝေဒနာတွေကိုမကြည့်ရက်တာမိဘတိုင်းရဲ့ချစ်ခြင်းမေတ္တာစစ်မေတ္တာမှန်ပဲဖြစ်ပါတယ်။

သားလေးအဲ့လိုဒဏ်ရာအပြင်းအထန်စရတဲ့နေကစပြီးဆေးခန်းနေ့တိုင်းလိုက်ပို့ကာကုသမှုတွေလုပ်ခဲ့ရပါတယ်။ကလေးရဲ့မျက်နှာမှာအမာရွှတ်ကြီးကျန်ခဲ့မှာလဲစိုးရိမ်ခဲ့တာပါတယ်လို့ဆိုပါတယ်။ကျွန်တော်ကိုယ်တိုင်နေ့တိုင်းဆေးထည့်ပေးပြီးသေချာဂရုစိုက်ကုသပေးခဲ့ပါတယ်။အခုဆိုသားလေးဒဏ်ရာအခြေနေဟာတော်တော်လေးသက်သာလာပါပြီ။ကလေးရဲ့ဒဏ်ရာအခြေအနေသက်သာလာတာကြောင့်ကျော်င်းလဲပြန်တက်နိုင်ပါပြီးလို့ပြောပါတယ်။စိတ်ပူပြီးသတင်းမေးကြတဲ့အနုပညာရှင်ညီကိုမောင်နှမများနဲ့မိတ်ဆွေအပေါင်းအသင်းအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်လို့လဲသူရဲ့လူမှုကွန်ယက်ကနေမျှဝေခဲ့တာပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - ဝိုင်းချစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။