ယခုလ အောက်တိုဘာ ၂၅ ရက်နေ့မှာ စတင်အသက်ဝင်ခဲ့တဲ့ ဖုန်းဇွန်ဘီ များကို စတင် နှိပ်ကွပ် လိုက်တဲ့ ဥပဒေကို အမေရိကန်နိုင်ငံ ဟာဝိုင်ယီမြို့တော်ဖြစ်သော ဟိုနိုလူလူမှာ မြို့တော်ဝန် ကတ်ကားဝဲက ဇူလိုင်လကုန်မှာ လက်မှတ်ထိုးအတည် ပြုပေးလိုက်တာ ဖြစ်ပါတယ်။

အတည်ပြုလိုက်တဲ့ ဥပဒေအရဆိုရင် ဟိုနိုလူလူတွင် ကားလမ်းကူးနေစဉ် ဖုန်းအသုံးပြုပါက ငွေဒဏ် ချမှတ်ခံရမည် ဖြစ်သည်။ ချွင်းချက် အနေနဲ့ ကားလမ်းကူးစဉ် ဘေးဘီဝဲယာ ကြည့်၍ ဖုန်းပြောဆိုခြင်း ကိုတော့ ခွင့်ပြုထားပါတယ်။

ပညာပေး ကာလ သုံးလတာ အတွင်း စမတ်ဖုန်းသုံးရင်း ကားလမ်း ကူးသည့် အကျင့် အနည်းငယ်သာ တားဆီးနိုင် ခဲ့ပါတယ်။ ပြစ်ဒဏ်တွေကတော့ ပထမအကြိမ်ဆိုလျှင် ၁၅ ဒေါ်လာ မှ ၃၅ ဒေါ်လာ ကြား ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပြီး တနှစ် အတွင်း သုံးကြိမ်မြောက် ကျူးလွန်ပါက ဒေါ်လာ ၁၀၀ အထိပေးဆောင်ရမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ သည် နည်းပညာထိပ်သီး နိုင်ငံဖြစ်သည့် အလျှောက် လူဦးရေ၏ လေးပုံ သုံးပုံခန့် ၂၄၄ သန်းခန့်သည် စမတ်ဖုန်း အသုံးပြုကြတယ်လို့ Pew သုတေသနစင်တာက ဆိုပါတယ်။ အမေရိကန် နိုင်ငံမှာ ယမန်နှစ်က ကားတိုက်မှု ကြောင့် သေဆုံးခဲ့သည့် လမ်းသွားလမ်းလာ ၆၀၀၀ နီးပါးရှိခဲ့ပြီး နှစ် ၂၀ အတွင်း အမြင့်ဆုံး ဖြစ်ခဲ့သည်။

Source – Eleven Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။