တိရစ္ဆာန်လေးတွေမွေးတယ်ဆိုတာ အထီးကျန်ဆန်သူတွေ အတွက်တော့ အဖော်မွန်ကောင်းတွေဖြစ်ကြပါတယ်။ တစ်နေ့တာလုံးပင်ပန်းနွမ်းနယ် စိတ်ညစ်နေသမျှ သူတို့လေးတွေနဲ့ တွေ့လိုက်ရင် စိတ်ကြည်နူးရတဲ့အခိုက်အတန့်လေးတွေပိုင်ဆိုင်ဖူးကြမှာပါ။..တိရစ္ဆာန်ချစ်သူတွေထဲမှာ ကြောင်ချစ်သူတွေ ရှိကြမယ်ဆိုရင်

ကြောင်ချစ်သူတွေ ဟာ ကြောင်တွေရဲ့ တုံ့ပြန်မှုကိုခံစားဖူးကြမှာပါ။ အောက်ပါ အချက်တွေထဲ က တချက်မဟုတ် အများကြီးလဲကြုံရင်ကြံုဖူးမှာပါ။

ကြောင်လေးတွေဟာသူတို့တကယ်ချစ်ရင် သူတို့ချစ်ကြောင်းပြသတတ်ပါတယ်။

(၁)ကြောင်လေးတွေဟာ လက်လေးကို ဖွဖွလေးကိုက်တာတို့ လူနဲ့ကစားရင်းနဲ့ လူကိုဖွဖွလေးကိုက်တတ်ပါတယ်။ နာကျင်အောင်တော့မကိုက်ပါဘူး ငုံရုံလေးပဲငုံထားတာမျိုးပေါ့

(၂) သင်ဘယ်သွားသွား အနောက်ကနေ တကောက်ကောက် လိုက်နေတာမျိုး လုပ်တတ်တယ်။ ငချွဲလေးတွေဖြစ်သွားတတ်ပါတယ်။

(၃) သင့်ပေါင်ပေါ်မှာခွေခေါက်အိပ်နေတတ်တာမျိုး လုပ်တတ်တယ်။

(၄)သင့်ကိုတွေ့ရင် အမြီးလေးထောင်ထားတာမျိုး လုပ်တတ်တယ်။

(၅)ကြောင်လေးတွေနဲ့ မျက်လုံးချင်းစုံခဲ့ရင် သင်ဟာကံကောင်းလွန်းပါတယ်တဲ့.. သူတို့ချစ်တဲ့သူကိုပဲသူတို့က မျက်လုံးချင်းဆုံအောင်ကြည့်တာပါ။ သင်ဟာကံကောင်းရင် သူတို့ရဲ့ အနမ်းတောင်ခံရနိုင်ပါတယ်။

(၆)သူတို့မေးစေ့လေးကို ပွတ်ပေးရင် ငြိမ်ခံပြီး ဇိမ်ခံနေတတ်တယ်။

(၇)သူတို့ရဲ့ ဗိုက်သားတွေကို ကိုင်ခွင့်ပေး ရင်လည်း သင်ဟာ သူ့အတွက် အထူး စပါယ်ရှယ် လူပါပဲတဲ့

(၈)သူတို့ခေါင်းလေးတွေနဲ့ သင့်ခေါင်းကို လာတိုက်တာ တို့ ပွတ်တာတို့ဆိုရင် သင်ဟာ သူတို့ရဲ့ အချစ်ခံလူသားပါတဲ့

(၉)သူတို့ချစ်တဲ့ သခင်တွေအတွက် ကြွက်လေးတွေ ငှက်လေးတွေ အကောင်လေးတွေသယ်လာတတ်ပါသေးတယ်။

Source :Fans of Cats

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။