သရုပ်ဆောင်မင်းသမီး ပပဝင်းခင်တစ်ယောက်တော့ တောင်ကြီးမြို့ကို အလည်အပတ်ခရီး အ ဖြစ် ရောက်ရှိနေတာပဲဖြစ်ပါတယ်။ မိသားစုဝင်တွေနဲ့အတူတူ သွားရောက်လည်ပတ်တာဖြစ် ပြီး လှပတဲ့ရှုခင်းတွေနဲ့ သူမနဲ့တွဲဖက်ပြီး ချစ်စရာကောင်းပြီး ကျက်သရေရှိတဲ့ ဓာတ်ပုံတွေ ကို ရိုက်ကူးကာ ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။

မြန်မာဝတ်စုံလေးနဲ့မတင်တာကြာလို့ဆိုပြီး သူမက အဖြူရောင်ဝမ်းဆက်လေးနဲ့ မြန်မာဝတ်စုံ လေးကို လှလှပပ ကျက်သရေရှိရှိနဲ့ ဆင်မြန်းပြီး အလှဆုံးပုံလေးတွေရိုက်ကူးပြီး Facebook ပေါ်ကို ဝေမျှထားတာပဲဖြစ်ပါတယ်။ အရမ်းကိုနန်းဆန်နေတဲ့ ပပဝင်းခင်ပေါ့။

သူမကအနုပညာလှုပ်ရှားမှုတွေ သိပ်မရှိတော့ပေမယ့် သူမကိုချစ်ခင်အားပေးတဲ့ ပရိတ် သတ်တွေကတော့ ယနေ့ထက်တိုင်ရှိနေဆဲပဲဖြစ်ပါတယ်။ သူမကိုအမြဲချစ်ခင် အားပေးတဲ့ ပရိတ်သတ်တွေကိုလဲ ကျေးဇူးတင်ကြောင်းသူမကဆိုပါသေးတယ်။ ပပရဲ့နန်းဆန်နေတဲ့ မြန်မာဝတ်စုံလေးကို ပရိတ်သတ်ကြီးလဲမြင်တွေ့နိုင်အောင် တင်ပြပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။