အမျိုးသားစာပေဆုရရှိသွားတဲ့ဆရာညီပုလေး

ဆရာညီပုလေးဆိုတာမြန်မာနိုင်ငံစာပေသမိုင်းမှာချန်လှပ်

လို့မရတဲ့လူထုမိသားစုကပါ။ဝတ္ထုတိုတွေရေးသားရာမှာ

ထူးချွန်လွန်းလှပြီးမိဘနှစ်ပါးဖြစ်တဲ့လူထုဒေါ်အမာနဲ့လူထုဦးလှ

ရဲ့စာပေမျိုးဆက်ပါ။ဆရာဟာဝတ္ထုတိုပေါင်းများစွာကို

ရေးဖွဲ့ပြီးရသစာပေကိုဦးဆောင်သူတပ်ဦးကစာရေးဆရာ

တစ်ယောက်လည်းဖြစ်ပါတယ်။"မြေးသူကြီး"ဟာ

ဆရာ ရဲ့အထင်ရှားဆုံးလက်ရာတစ်ခုဖြစ်ခဲ့ပြီး

အခုအမျိုးသားစာပေဆုရတဲ့ထက်မြက်တဲ့ဓားသွား

ပေါ်ကချိုမြမြပျားရည်စက်ဟာစံချိန်ထပ်ချိုးသွားပါပြီ။

ဆရာညီပုလေးကဒီဆုကိုရတဲ့အချိန်မှာအဖေတို့အမေတို့

အကိုတို့ကိုသတိရတယ်လို့သူ့ရဲ့လူမှုကွန်ယက်မှာ

ရေးသားခဲ့ပါတယ်။စာကတစ်ကြောင်းတည်းပေမယ့်လည်း

ရင်ထဲကိုထိရှစေခဲ့တဲ့စကားတစ်ရပ်ပါ။ထက်မြက်တဲ့ဓားသွားပေါ်ကချိုမြမြပျားရည်စက်ဝတ္ထုဟာ

နာဂသိန်းလှိုင်လို့အမည်ရတဲ့ဆရာဝန်ကြီးတစ်ယောက်ရဲ့

အကြောင်းပါ။နာဂသိန်းလှိုင်ဟာမေတ္တာရှင်ဆရာ

ဝန်ကြီးတွေဖြစ်တဲ့အဲဘတ်ရွိွုင်ဇာတို့ ဒေါက်တာ

နော်မန်ဗက်သွန်းတို့လို့ဆရာဝန်ကြီးတစ်ဦးပါ။

ဝေးလံခေါင်သီလှတဲ့နာဂဒေသမှာသူ့ဘဝကို

မြုပ်နှံခဲ့တဲ့ဆရာဝန်ကြီးတစ်ယောက်အကြောင်း

ဆရာညီပုလေးကတကယ့်အဖြစ်အပျက်ကိုစာပန်းချီ

ခြယ်သပြခဲ့တာပါ။နာဂတောင်တန်းတွေပေါ်မှာတစ်တောင်

တက်တစ်တောင်ဆင်းနဲ့လူနာတွေကိုလိုက်လံကုသပေးခခဲ့တဲ့

ဒေါက်တာသိန်းလှိုင်ကိုနာဂလူမျိုးတွေကနတ်ဘုရား

တစ်ပါးလိုကိုသတ်မှတ်ထားခဲ့ကြတာပါ။နာဂသိန်းလှိုင်

ကြုံတွေ့ရတဲ့အခက်အခဲတွေ၊သူရဲကောင်းဆန်တဲ့စွန့်လွတ်မှုတွေကိုရေးဖွဲ့ခဲ့တဲ့ဒီဝတ္ထုဟာအမျိုးသားစာပေဆုကိုထိုက်တန်စွာရရှိခဲ့ပါတယ်။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။