EFL Cup ပြိုင်ပွဲရဲ့ Round 4 မှာ အနိုင်ရရှိခဲ့တဲ့ ၈ သင်းကို ကွာတားဖိုင်နယ်မှာ ကန်ဖို့ မဲခွဲခဲ့ပြီလည်းဖြစ်ပါတယ်။ပရီးမီယားလိဂ်အသင်းတွေ တွေ့ဆုံနေခဲ့တဲ့ ပွဲစဉ်တွေ ပါဝင်လာခဲ့တာလည်းဖြစ်ပါတယ်။ကွာတားဖိုင်နယ်မှာ ပရီးမီယားလိဂ် ၇ သင်း ပါဝင်ပြီး ချန်ပီယံရှစ်က တစ်သင်း ပါဝင်လာခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူအသင်းကတော့ ချန်ပီယံရှစ်က အသင်းဖြစ်တဲ့ ဘရစ္စတိုးအသင်းနဲ့ အဝေးကွင်းမှာကစားသွားရမှာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းကတော့ ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းကတော့ ဘုန်းမောက်အသင်းကို အိမ်ကွင်း မှာပဲ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။လက်စတာအသင်းဟာ မန်စီးတီးအသင်းကို အိမ်ကွင်း king power မှာ ဧည့်ခံကစားသွားရမှာ ဖြစ်ပါတယ်။

EFL Cup ကွာတားဖိုင်နယ်ပွဲစဉ်များ

ဘရစ္စတိုးစီးတီး - မန်ယူ

လက်စတာ - မန်စီးတီး

ချဲလ်ဆီး - ဘုန်းမောက်

အာဆင်နယ် - ဝက်စ်ဟမ်း

ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကစားသွားမှာလည်းဖြစ်ပါတယ်။ 

source - efl cup

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။