အမေရိကန်စစ်သားတွေကိုတိုက်ခိုက်ရေးပညာသင်ပေးတဲ့

အောင်လ

One Championship မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံ

အောင်လအန်ဆန်းဟာရန်ကုန်ကိုရောက်ရှိနေပါတယ်။

သူဟာအမေရိကန်ပြည်ထောင်စုမှာနေထိုင်ပြီး

လောလောဆယ်တော့အမိမြန်မာပြည်ကိုပြန်ရောက်နေပါတယ်။ရန်ကုန်ကိုပြန်ရောက်နေတဲ့အကြောင်းရင်းက

လူသန်ကြီးဂါလာနီနဲ့ထိုးသတ်ဖို့ပါ။ဂါလာနီဟာကမ္ဘာ့

ကစ်ဘောက်ဆင်ချန်ပီယံလေးကြိမ်ရထားသူဖြစ်ပြီး

အောင်လဟာလည်းဂျူဂျစ်ဆုပညာရပ်ကိုတစ်ဖက်ကမ်း

ခတ်ကျွမ်းကျင်သူပါ။

သူတို့နှစ်ယောက်ရဲ့ပွဲကိုလာမယ့်နိုဝင်ဘာသုံးရက်နေ့မှာ

ရန်ကုန်မှာကျင်းပသွားမှာပါ။ပွဲကရက်အတော်လိုသေး

ပေမယ့်အောင်လအနေနဲ့ရန်ကုန်ကိုစောရောက်နေခဲ့

ပါတယ်။ရန်ကုန်မှာနေထိုင်တဲ့အချိန်မှာအောင်လတစ်

ယောက်လေ့ကျင့်မှုတွေကိုရပ်နားခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့်အချိန်အားလေးတွေရတဲ့အခါ

သူငယ်ချင်းတွေဆီသူသွားချင်တဲ့နေရာတွေဆီသွားရောက်

လည်ပတ်တတ်ပါတယ်။Stressတွေလျော့အောင်ပေါ့နော်။

ဒီနေ့သူသွားရောက်လည်ပတ်ခဲ့တာကတော့ရန်ကုန်က

အမေရိကန်သံရုံးပါ။အမေရိကန်သံရုံးမှာတာဝန်ကျနေတဲ့

အမေရိကန်စစ်သားကြီးတွေကိုလည်းသူအနေနဲ့

တိုက်ခိုက်ရေးပညာရပ်တွေကိုလက်တွေ့ပြသပေး

ခဲ့တယ်လို့လည်းသိရပါတယ်။အမေရိကန်သံရုံးမှာအလုပ်

လုပ်နေကြတဲ့မြန်မာဝန်ထမ်းတွေနဲ့လည်းအမှတ်တရ

ဓာတ်ပုံတွေအောင်လတွဲရိုက်ခဲ့ပါသေးတယ်။

လါမယ့်နိုဝင်ဘာသုံးရက်နေ့အတွက်အောင်လ

အဆင့်သင့်ဖြစ်နေလောက်ပါပြီ။

Source- Ko Aung thura ko ko and ma yamin thu fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။