ယနေ့အောက်တိုဘာ(၂၇)ရက်နေ့ဟာ ရုပ်ရှင်သရုပ်ဆောင် မင်းဦးနဲ့ ဇနီးဖြစ်သူ ခိုင်ဝေသူတို့ရဲ့ မင်္ဂလာသက်တမ်း(၁)နှစ်ပြည့်တဲ့ မင်္ဂလာနှစ်ပတ်လည် နေ့ရက်လေးပဲ ဖြစ်ပါတယ်..။ မင်းဦးတို့ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ(၂၇)ရက်နေ့မှာ မင်္ဂလာလက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ Acacia Tea Salon မှာ ပြုလုပ်ကျင်းပခဲ့တာဖြစ်ပါတယ်..။ ယနေ့မှာဆိုရင်တော့ မင်္ဂလာသက်တမ်း(၁)ပြည့်သွားပြီ ဖြစ်တယ်လို့သိရပါတယ်..။

မင်းဦးက သူအသုံးပြုတဲ့ fb စာမျက်နှာမှာ မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်သွားပြီး အားလုံးကိုကျေးဇူးတဲ့ပြီး သတိရကြောင်းကို သူရဲ့ fb စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်..။ မင်းဦးတို့ ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း မင်္ဂလာနှစ်ပတ်လည် အလှူအဖြစ် မန္တလေးမြို့ရှိ မိဘမဲ့ဂေဟာလေးတစ်ခုမှာလည်း လှူဒါန်းမှုများကို ပြုလုပ်ခဲ့ပါတယ်..။ ထိုအဘှူလေးကိုလည်း သူ့ရဲ့ fb စာမျက်နှာမှာ ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။ ပရိသတ်ချစ်ခင်မှုတွေနဲ့ အတူ ဇနီးချောလေးနဲ့ မိသားစုဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာ တွေ့ရပါတယ်..။

ပရိသတ်ချစ်ခင်အားပေးမှုအခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ဖန်တီးတည်ဆောက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်…။ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ ဇနီးဖြစ်သူနှင့်အတူ အခမ်းအနားပွဲများလည်း တတ်ရောက်ပြီး ဇာတ်ကားများလည်း ရိုက်ကူးနေပါတယ်..။ မင်းဦးဟာ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်တစ်ယောက် အဖြစ်သာမက ဒါရိုက်တာ တစ်ယောက် အဖြစ်ပါ ဇာတ်ကားတွေ ရိုက်ကူးနေပြီ ဖြစ်ပါတယ်..။ “ချူဆီ” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ဒါရိုက်တာ တစ်ယောက်အနေနဲ့ တာဝန်ယူရိုက်ကူးခဲ့ပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။