နာမည်ကျော်ကိုးရီးယားသရုပ်ဆောင် ဆုန်ဆန်းမီရဲ ့ခင်ပွန်းအသက်ခံရပြီး လပေါင်းများစွာကြာမှ တကယ့်လူသတ်သမားကိုဖမ်းမိလေသည်။ပြီးခဲ့တဲ့သြဂုတ်လမှာတော့ မစ္စတာချို ဆိုသူကို ဆုန်ဆန်းမီရဲ ့ခင်ပွန်းအားသတ်ခဲ့တဲ့အမှုနဲ ့ရှေ ့နေများရုံးမှာ အစည်းအဝေးလုပ်နေစဉ်အတွင်း ဖမ်းမိခဲ့တာလည်းဖြစ်ပါတယ်။

မစ္စတာချို ဟာပြီးခဲ့တဲ့နှစ်တုန်းက ဆုန်ဆန်းမီရဲ ့ယောကျာ်းမိသားစု၏အမွေခွဲခြင်းကိစ္စမှာ ပါ၀င်ကူညီပေးနေသူလည်းဖြစ်ပါသည်။

ပထမကတော့ မစ္စတာချိုဟာ ဆုန်ဆန်းမီရဲ ့ခင်ပွန်းကို သတင်းပေးအဖြစ်ဆောင်ရွက်ပေးရာမှရသင့်ရထိုက်တဲ့ငွေကြေးမရလို ့သူကိုယ်တိုင်ကျူးလွန်းခဲ့တယ်လို ယူဆခဲ့ကြတာဖြစ်ပါတယ်။

သိ ုသော်လည်း the Seoul Metropolitan Police Agency ရဲ ့ မကြာသေးမီကမှထုတ်ပြန်ချက်ကတော့ အမှန်တကယ်လူသတ်မှုကျူးလွန်ခဲ့သူဟာ ဆုန် ့ခင်ပွန်းရဲ ့တူဖြစ်နေခဲ့တာပါဘဲ။

အသတ်ခံရသူရဲ ့တူ ပါ၀င်ပတ်သတ်နေတာကို မစ္စတာချိုရ ဲ့ မိုဘိုင်းဖုန်းနှင့်တခြားသော အီလက်ထရောနစ်ပစ္စည်းတွေကိုရှာဖွေရာကနေတဆင့်သိခဲ့ရတာလည်းဖြစ်ပါတယ်။ရဲတပ်ဖွဲ ့ဟာဆိုရင် မစ္စတာချိုနဲ ့အသတ်ခံရသူရဲ ့တူတို ့ဟာလူသတ်မှုကျူးလွန်ဖို ့အတွက် အစီအစဉ်တွေရေးဆွဲခဲ့တာကိုလည်းရှာဖွေတွေ ့ရှိခဲ ့တာဖြစ်ပါတယ်။

မစ္စတာချိုက လူသတ်မှုသာအိုကေခဲ့မယ်ဆိုရင် ဖီလစ်ပိုင် နိုင်ငံကို ထွက်သွားမယ်လို ့စာပို ့ထားသေးတာလည်းဖြစ်ပါတယ်။မစ္စတာချို အား ဆုန်းမီရဲ ့ခင်ပွန်းကိုသတ်နိုင်ခဲ့မယ်ဆိုရင် ၀မ်၂ဘီလျှံပေးမယ်လို ့လည်းကတိပေးထားခဲ့ပါတယ်။

ဆုန်းမီ၏ခင်ပွန်းတို ့ရဲ့အဖိုးကွယ်လွန်ပြီးနောက်ပိုင်းမှာတော့ ဆုန်းမီရဲ့ခင်ပွန်းဟာမိသားစုအမွေဆိုင်တိုက်ပွဲမှာ ဓါးစာခံဖြစ်သွားခဲ့ရခြင်းဖြစ်ပါတယ်။

ယခုတော့ မစ္စတာချိုနဲ့ဆုန်းမီခင်ပွန်း၏တူတို ့ဟာ လူသတ်မှုတရားခံများအဖြစ် ဖမ်းဆီးလိုက်ပြီးဖြစ်ပါတယ်။

Source - koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။