အောက်တိုဘာလ၂၅ရက်နေ့နံနက်ပိုင်းကျောက်မဲမြို့နယ်မန်ခေါက်ကျေးရွာတွင်ကျောင်းအုပ်ဆရာမတစ်ဦးအဓမ္မပြုကျင့်ခဲ့မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် TNLA တပ်ဖွဲ့မှတပ်သား၂ဦးဟာမန်ခေါက်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမတစ်ဦးကိုအဓမ္မပြုကျင့်ခဲ့ပြီးလက်ကိုင်ဖုန်း ၂ လုံးပါ ယူဆောင်သွားခဲ့တယ်လို့သိရပါတယ်။အဆိုပါဖြစ်စဉ်ကိုလဲTNLA တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဟုတ်မှန်ကြောင်းထုတ်ပြန်ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

ကျောက်မဲမြို့နယ်ပညာရေးမှူးရုံးမှလဲဖြစ်စဉ်နှင့်ပတ်သက်ပြီးတရားဥပဒေအတိုင်းဆက်လက်ဆောင်ရွက်သွားမည်ဟုမြို့နယ်ပညာရေးမှူးရုံးမှပညာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။လက်ရှိမှာတော့ကျူးလွန်ခံရသည့်ကျောင်းအုပ်ဆရာမကြီးအပါအဝင်မန်ခေါက်ကျေးရွာမှဆရာမများအားလုံးကိုလုံခြုံရေးအခြေအနေအရကျောက်မဲမြို့ပေါ်သို့ခေါ်ဆောင်ထားကြောင်းအဆိုပါပညာရေးဝန်ထမ်းရဲ့ပြောကြားချက်အရသိရပါတယ်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်မဲမြို့နယ် ပညာရေးမှူးက မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်ကြားစာတစ်စောင် ပေးပို့ထားပြီး အဲ့ဒီ စာထဲတွင် ဆရာမများ လုံခြုံရေးအတွက် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူးများအား စေလွှတ်ပြီး လိုအပ်သလို စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး ၊မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ရေးသားထားတယ်လို့လဲသိရပါတယ်။

အဲ့ဒီအမှုဖြစ်တဲ့နေ့မှာပဲကျူးလွန်သူတပ်သား၂ယောက်ကိုခေါ်ဆောင်ပြီးသူတို့ရဲ့အထက်အရာရှိတွေနဲ့ ကျောင်းဆရာမကိုသွားရောက်တောင်းပန်ခဲ့တယ်လို့လဲသိရပါတယ်။လောလောဆယ်မှာတော့ပြစ်မှုကျူးလွန်သူတပ်သား၂ယောက်ကိုဖမ်းဆီးချုပ်နှောင်ထားပြီးစစ်ဥပဒေအရအရေးယူသွားဖို့ လုပ်ဆောင်နေပါတယ်လို့TNLAတပ်ဖွဲ့မှပြန်ကြားရေးတာဝန်ခံဗိုလ်မှူးမိုင်းအိုက်ကျော်ကပြောပါတယ်။NLAတပ်ဖွဲ့မှပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ဟာယခုလိုကျောင်းဆရာမများအပေါ်ကျူးလွန်ခြင်းဟာပထမဆုံးအကြိမ်ဖြစ်ပြီးနောက်ထပ်ဆက်လက်မဖြစ်ပွားအောင်အောက်ခြေအဆင့်အထိစည်းကမ်းတကျဆောင်ရွက်သွားရန်ဆုံးမလမ်းညွှန်ထားတယ်လို့လဲပြောပါတယ်။TNLAတပ်ဖွဲ့ဟာရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီးအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်မထိုးထားတဲ့ အဖွဲ့လည်းဖြစ်တယ်လို့သိရပါတယ်။ 

သတင်းအရင်းအမြစ် - Mizzama 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။