ဝါရင့်သရုပ်ဆောင် မင်းသမီး မေသဉ္ဇာဦးက သူမရဲ့ ဖြစ်တွေကို သာသာနာ့ဘောင်သို့ သွင်းပေးလိုက်တယ်လို့ သိရပါတယ်..။ အောက်တိုဘာ(၂၆)ရက်နေ့က သားနှစ်ဦးဖြစ်သူ သားကြီးနဲ့ သားငယ်ကို ဆံချပြီး သာသနာ့ ဘောင်သွင်းပေးခဲ့တာ ဖြစ်ပါတယ်..။ ပြည်သူအချစ်တော် ဝါရင့်သရုပ်ဆောင်ဖြစ်သလို သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်…။ မင်းသမီး မေသဉ္ဇာဦးက မိသားစုနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေကို သိပ်ချပြလေ့ မရှိသူလည်း ဖြစ်ပါတယ်..။

အခုခါမှာတော့ သားဖြစ်သူတွေကို သာသနာဘောင်သွင်ပေးခဲ့တာကို သူမရဲ့ fb မှာ တင်ထားတာ တွေ့ရပါတယ်..။ အခုလို သားဖြစ်သူတွေကို သာသနာ့ဘောင် သွင်းပေးခဲ့တဲ့အတွက်လည်း အရမ်းကို ပျော်ရွှင် ဝမ်းသာရပါတယ်လို့ ဆိုပါတယ်..။ သာသနာ့ဒါယိကာမ အဖြစ် မြင်တွေ့ရတဲ့ မေသဉ္ဇာဦးကတော့ သားဖြစ်သူတွေကိုကြည့်ရင်း ကြည်နူးပီတိဖြစ်လို့ နေပါတယ်..။ တချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ ခေါင်းဆောင်မင်းသမီးဖြစ်သလို ယနေ့အချိန်မှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်.

ပရိသတ် ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီး မေသဉ္ဇာဦးဟာ သူမရဲ့ ကျွမ်းကျင်ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေက အချစ်ပိုခဲ့ရပါတယ်..။ အောင်မြင်တဲ့ အနုပညာရှင် သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝကိုလည်း ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်..။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများစွာ ထွက်ရှိထားပြီး ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်..။ လတ်တလောမှာတော့ ဇာတ်ကားများ ရိုက်ကူးနေပြီး.. ရုပ်ရှင်ဇာတ်ကားကြီးလည်း ပါဝင်ရိုက်ကူးနေပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။