စနေနေ့ ညနေ ၆ နာရီမှာ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်ယူအသင်းဟာ စပါးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။နှစ်သင်းလုံးဟာ ရမှတ် ၂၀ ရရှိထားတဲ့ အသင်းတွေဖြစ်တာလည်းဖြစ်ပါတယ်။ဂိုးကွာခြားချက်နဲ့ မန်ယူအသင်းဟာ အဆင့် ၂ နေရာမှာ ရှိနေတာဖြစ်ပြီး စပါးအသင်းကတော့ အဆင့် ၃ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။နှစ်သင်းလုံးဟာ ဇယားထိပ်ဆုံးကမန်စီးတီးအသင်းကို ဆက်လက်ဖိအားပေးသွားဖို့ အနိုင်ရရှိရန်လိုအပ်နေတာလည်းဖြစ်ပါတယ်။

မန်ယူအသင်းရဲ့နောက်ဆုံးငါးပွဲရလဒ်မှတော့ ၃ ပွဲ နိုင် ၁ ပွဲသရေ ၁ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။စပါးအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၃ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။နှစ်သင်းလုံးဟာ ခြေစွမ်းတူ ရလဒ်တွေ တူညီနေတာလည်းဖြစ်ပါတယ်။နှစ်သင်းလုံးဟာ ဇယားထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ငါးမှတ်ကွာဟနေတာကြောင့် ဆက်လက်ဖိအားပေးနိုင်ဖို့ အနိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်းမှာတော့ လူကာကူ၊ အမ်ခီတာယန်၊ မာရှယ်၊ ရက်စ်ဖို့၊ ဟာရဲရား၊ မာတစ် တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။စပါးအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ အလီ၊ အဲရစ်ဆင်၊ ဟယ်ရီဝင့်ခ်၊ ဒိုင်ယာ၊ ဒေးဗစ်၊ အော်ရီယာတို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းကို ဆက်လက်ဖိအားပေးသွားဖို့ အိမ်ရှင်မန်ယူအသင်းကအသာရသွားမလား ၊ တိုက်စစ်အားကောင်းမွန်တဲ့ စပါးကပဲ အဝေးကွင်းမှာ အမှတ်ပြည့် ယူသွားမလားဆိုတာတော့ စိတ်ဝင်စားဖွယ်ကောင်းလွန်းနေတယ်ဗျာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။