ဟောလီဝုဒ်ရုပ်ရှင်တွေကတော့ အကုန်အကျခံသလိုပါပဲ ရုပ်ရှင်ကားထွက်လာပြီဆိုလဲ အားပေးမှုများစွာရရှိကြပါတယ်။သူတို့ဟာ ရုပ်ရှင်တစ်ကားအတွက် နှစ်ပေါင်းများစွာအချိန်ပေးပြင်ဆင်ကြရပါတယ်။ဇာတ်ညွန်း၊ဒါရို်က်တာ၊မင်းသား၊မင်းသမီး၊ရိုက်ကွင်းစတူဒီယို၊ဇာတ်ဆောင်တွေပါအစ အချိန်ကုန်ခံ ငွေများစွာအကုန်ကျခံပြီရိုက်ကြရပါတယ်။

နည်းပညာကအစ အကောင်းဆုံးနည်းပညာတွေကို သုံးရပါတယ်။အခုလည်း Blade Runner 2049 ဇာတ်ကားအတွက် ရိုက်ကွင်းတစ်ခုမှာပေါ့။ Weta Workshop Film/Television Studio ကCrew Member တွေ ကိုယ်တိုင် hand-make ဖန်တီးခဲ့တဲ့ Miniaturesများ ပါပဲ။တကယ်ရုပ်ရှင်အတွက်မရှိမဖြစ် ဆက်တင်တွေကိုပြင်ဆင်နေတာဟာ အံသြရသလို မြင်ရသူအတွက်လည်း ဗဟုသုတများစွာရရှိစေတာတော့ အမှန်ပါပဲ။

ဒီလိုဇာတ်ကားတွေကတော့ ကြည့်ရှုသူအဖို့တကယ်ကို တန်ဖိုးရှိတယ်ဇာတ်ကားတွေပါပဲ။လူတွေရဲ့ အချိန်တွေ၊ငွေတွေ၊ပင်ပန်းမှုတွေ ပေးဆက်ထားတဲ့အတွက် ကြည့်ရှုရတာလဲအနှစ်သာရနဲ့ပြည့်စုံတဲ့ ဇာတ်ကားတွေဖြစ်လို့ တန်းဖိုးထားစရာပါပဲ။ 

source - M -MBD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။