ဂျင်း ဟာ ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အခုတလော ခေတ်စားနေတဲ့ ကိုယ်အလေးချိန် ကျစေတဲ့ မနက်စောစော သောက်ရမယ့် အရည် မှာ သံပုရာရည် နဲ့ ဂျင်း ပါ၀င်ပါတယ်။ ဒီအတွက် သတိထားစရာ တစ်ခု ရှိပါတယ်။ 

ဂျင်း ဟာ ကျန်းမာရေး အတွက် ကောင်းမွန်စေသော်လည်း လူတိုင်း အတွက်တော့ မဟုတ်လှပါဘူး။ အန္တရာယ် ဖြစ်စေနိုင်မယ့် လူတွေ ရှိပါတယ်။ သူတို့ အတွက် ဂျင်း ဟာ သတိထားစရာ တစ်ခု ဖြစ်ပြီး ရှောင်ရမယ့် အရာလည်း ဖြစ်ပါတယ်။

ဂျင်း ကို အလွန်အကျွံ မစားသင့်တာ ဘယ်လို လူတွေလဲဆိုရင်

ကိုယ်ဝန်ဆောင်သည်

ဂျင်း ကို ဟင်းချက်တဲ့အထဲ ထည့်ချက်တာလောက်က ပြဿနာ မဟုတ်ပေမယ့် ဂျင်းပြုတ်ရည် သောက်တာ ဂျင်း ဖျော်ရည် သောက်တာမျိုးတွေကိုတော့ ကိုယ်ဝန်ဆောင်တွေ သောက်လို့ မရပါဘူး။ ကိုယ်ဝန်အတွက် အန္တရာယ် ရှိပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် နေချိန်မှာ မသောက်သင့်ပါဘူး။

ကိုယ်အလေးချိန် အလွန်နည်းပါးသူတွေ

ဂျင်း ဟာ အဆီ တွေကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန် ကျစေနိုင်တဲ့ အရာတစ်ခုပါ။ ဒါကြောင့် ကိုယ်အလေးချိန် နည်းပါးသူတွေ အနေနဲ့ မစားသင့်ပါဘူး။ ကိုယ်အလေးချိန် နည်းပါးသူတွေကို Underweight လို့ ခေါ်ပါတယ်။ အလွယ်တကူ မှတ်သားရင်တော့ ပေါင် ၁၀၀ အောက်တွေပါ။

သွေး နဲ့ ပတ်သက်တဲ့ ပြဿနာ ရှိသူတွေ

ေ သွးနဲ့ ပတ်သက်ပြီး ရောဂါ ရှိသူတွေ အတွက်လည်း မသင့်တော်ပါဘူး။ ဥပမာ သွေးကျဲပြီး သွေးထွက်များသူတွေပါ။ ဂျင်း ဟာ သွေး လည်ပတ်မှု ကို ကောင်းစေပြီး သွေးကို အနည်းငယ် တိုးစေပါတယ်။

ဆေးကုသမှု ခံယူနေသူတွေ

သွေး ရောဂါသည် တွေနဲ့ ဆီးချို ရောဂါသည် တွေ အနေနဲ့ ဂျင်း ဖျော်ရည် ကို မသောက်သင့်ပါဘူး။

Source : My Food

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။