ကော်ဖီသောက်ခြင်းက တကယ်ပဲ သင့်ရဲ့ အသားအရေ၊ ခန္ဓာကိုယ်နဲ့ မှတ်ဉာဏ်အားကို များစွာ အကျိုးပြုပါတယ်။ အများစုကတော့ ကော်ဖီကို ကြိုက်လို့ သောက်ကြတယ်။ အခုခေတ်မှာဆို ခေတ်မီ ဆန်းသစ်လွန်းတဲ့ ကော်ဖီဆိုင်တွေ များပြားလာတာကြောင့် ကော်ဖီကို စတိုင်လ် တစ်ခုအနေနဲ့တောင် သောက်တတ်ကြပါတယ်။ ကော်ဖီကြိုက်တဲ့ သူတွေအတွက် ဘယ်လို ကောင်းကျိုးတွေ ရရှိနိုင်လဲ? ကော်ဖီ မကြိုက်တဲ့ သူတွေ အနေနဲ့ရော ဘာကြောင့် ကော်ဖီသောက်သင့်လဲ? စသည်ဖြင့် ဒါတွေကို သိရှိလေ့လာနိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ကော်ဖီရဲ့ အနံ့က သင့်ရဲ့ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။

(၂) ဦးနှောက်အာရုံကြော အားကောင်းစေရန် အထောက်အကူ ပြုပါတယ်။

(၃) အသည်း အားကောင်းစေပါတယ်။ (အထူးသဖြင့် အရက် သောက်သုံးသူများအနေဖြင့် ကော်ဖီကို သောက်သုံး သင့်ပါတယ်။)

(၄) စိတ်ခံစားမှု ကောင်းမွန်စေတာကြောင့် စိတ်ညစ်နေသူများနှင့် စိတ်ဓါတ်ကျနေသူများလည်း သောက်သုံးသင့်ပါတယ်။

(၅) အရေပြားကင်ဆာ ဖြစ်နိုင်ခြေနှုန်းကို လျှော့ချပေးပါတယ်။ (အမျိုးသမီးများအတွက် ပိုပြီး သင့်တော်ပါတယ်။)

(၆) ကော်ဖီသောက်သုံးခြင်းဖြင့် အမောခံနိုင်တာကြောင့် အားကစား သမားများအတွက်လည်း သင့့်တော်ပါတယ်။

(၇) ဆီးချိုရောဂါ ဖြစ်နို်င်ခြေမှလည်း ကာကွယ်ပေးပါတယ်။

(၈) ဦးနှောက်ဖွံ့ဖြိုးမှုနှင့် မှတ်ဉာဏ်အား ကောင်းစေပါတယ်။

(၉) ကော်ဖီသောက်သုံးခြင်းဖြင့် အဆီပိုတွေကို လောင်ကျွမ်းစေပါတယ်။

(၁၀) နှလုံးအားကောင်းဖို့လည်း အထောက်အကူပေးပါတယ်။

အထူးသတိထားရမှာကတော့ ကိုယ်ဝန်ဆောင်မိခင်များအတွက် တစ်နေ့ကို ကော်ဖီတစ်ခွက်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ထို့ပြင် ကော်ဖီကို အလွန်အကျွံ သောက်မယ်ဆိုရင်တော့ ဆေး မဖြစ်ဘဲ ဘေး ဖြစ်နိုင်ပါတယ်။ အလွန်အကျွံ သောက်သုံးခြင်းဖြင့် နှလုံးရောဂါ ရနိုင်တဲ့ အပြင် သင့်ရဲ့ အသက်အန္တရယ်ကိုပါ ထိခိုက်နိုင်ပါတယ်။ 

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။