ဗာရာနသီပြည်​ ဆင်​းရဲမိသားစုမှ ​မွေးဖွားလာ​သောဆင်​းရဲသူမ​လေးတစ်​​ယောက်​သည်တစ်နေ့ပွဲသဘင်​​နေ့မှာချမ်​းသာကြွယ်ဝသော အမျိုုးသမီး တွေ ၀တ်​ဆင်​​တဲ့ဝတ်​ပန်​းဖြင်​့ ဆိုးအပ်​​သော အဝတ်​ ကို၀တ်​ဆင်​သည်​ကိုမြင်သောအခါ သူဆင်​းရဲမ​လေးလည်​းသူရဲ့မိဘ များကို ထို အဝတ် မျိုး ဝတ်ချင်​ကြောင်းကို ​​​မိဘ တို့အား​ပြော​သောအခါမိဘတွေက”သမီး အမေတို့အဖေတို့က ဆင်းရဲ ပါတယ်ကွယ်ဒီလို တန်ဖိုးကြီးတဲ့ အဝတ် တွေကို ဘယ်လိုလုပ်ပြီးဝယ်ပေးနှိုင်ပါ့မလဲကွယ် ” လို့ပြောလိုက်တယ်

ဆင်းရဲသူမလေးက” ဒီလိုဆိုရင် သမီး ကု်ိ ချမ်းသာတဲ့ အိမ်ကိုပို့ပေးပါအလုပ်လုပ်ပါရစေ သမီး ကို ခွင့်ပြုပါပေးပါ ” လို့ခွင့်တာင်းတဲ့အခါမိဘ​တွေက ခွင့်ပြုပေးလိုက်တယ်မိဘတွေခွင့်ပြုလိုက်တော့ ချမ်းသာတဲ့ သူကြွယ်အိမ် တစ်အိမ်ကိုသွားပြီး အလုပ်တောင်းတယ်လုပ်ခကိုတော့ သူလိုချင်တဲ့ ဝတ်ပန်းဖြင့်ဆိုးအပ်တဲ့ အဝတ် ပေးဖိုးတောင်းတဲ့အခါ အိမ်ရှင်သူဌေးက

” သုံးနှစ်တိတိ ငါတို့အိမ်မှာ အလုပ်လုပ်မယ်ဆိုရင်တော့

သင်လိုချင်တဲ့ အဝတ်ကိုပေးပါ့မယ်ဘယ်လိုလဲ လုပ်နှိုင်ပါ့မလား ”လို့မေးတဲ့အခါဆင်ရဲသူမလေးကကောင်းပါပြီး ကျွန်မလုပ်ပါ့မယ်လို့ပြောလိုက်တယ်အလုပ်ကို ကြိုးစားရိုးသားစွာနဲ့ တာဝန်ကျေအောင်လုပ်တဲ့အခါ အိမ်ရှင် သူဌေးကြီး က သုံးနှစ်မပြည့်ခင် သူအရမ်းလိုချင်

တ်ချင်နေတဲ့ အဝတ်ထည် နဲ့ အခြားအဝတ်တွေကိုပေးပြီးသူဌေးကြီးက”သူငယ်မ သင့်ရဲ့သူငယ်​ချင်​း အ​ဖော်​တွေနဲ့အတူ​ရေချိုးပြီး ၀တ်​ဆင်​​​လေ​လော” လို့ ပြောပြီးထိုအမျိုးသမီးလေးကို ​ လွှတ်​လိုက်တယ်ုိဆင်းရဲသူမလေးလဲ အ​ဖော်​တွေကို ခေါ်သွားပြီးနီ​သောအဝတ်​ပုဆိုးကိုမြစ်​ကမ်​းနားမှာ ထားပြီး ရေချိုးနေစဉ်မှာပဲကဿပဘုရားရှင်​၏ တပည်​့ဖြစ်​​သောရဟန်​းတစ်ပါးကြွလာတယ်

သူ့ရဲ့သင်္ကန်း တွေကို ဓါးပြတွေလုယူသွားတဲ့အတွက်သူ့ရဲ့ခန္ဓာကိုယ်ကို သစ်​ခက်​ သစ်​ရွက်​ကို ပတ်ပြီးအမျိုးသမီးလေးရေချိုးနေတဲ့အနားရောက်လာတဲ့အခါဆင်းရဲသူမလေးက ရဟန်​းကိုမြင်​ပြီးဒီ အရှင်းကောင်း ရဲ့ သင်္ကန်း ကို သူခိုးဓါးပြတွေ လုယူသွားတာဖြစ်မယ်လို့ တွေးပြီး အတွေးတစ်ခုပေါ်လာတယ်

” ငါဟာ ရှေ့ဘဝက မလှူခဲ့တဲ့အတွက်ကြောင့်ဒီဘဝမှာ အဝတ်ကို သူဌေးအိမ်မှာ ပင်ပန်းကြီးစွာနဲ့ခဲခဲယဉ်းယဉ်းရခဲ့တယ် ” လို့တွေးမိပြီးငါ့ အဝတ် ကို နှစ်ပိုင်းဖြတ်ပြီး တစ်ပိုင်းကို အရှင်ကောင်းအားလှူမယ်လို့ ကြံတွေးပြီး ကမ်းပေါ်တက်လာပြီး

အဝတ်ဝတ်ပြီ,,အရှင်​ဘုရား ရပ်​​တော်​မူပါအုံး ဘုရား ,,လို့လျောက်ရင်း​ရဟန်းကို ရှိခိုးလိုက်တယ် ၀တ်​ပန်​းဆိုး အဝတ်​ကို အလယ်​ကနေ

နှစ်ပိုင်းပိုင်းပြီး ထိုရဟန်​းကို တပိုင်​း လှူလိုက်တယ်

ရဟန်းလဲ သင်​့တင်​့​လျှောက်​ပတ်​​တဲ့ မမြင်တဲ့နေရာအရပ်​ကို

သွားပြီး ခန္ဓာကိုယ် မှာ ပတ်ထားတဲ့သစ်​ရွက်​သစ်​ခက်​တို့ကို စွန်​့ပစ်ပြီးတစ်ပိုင်​း​သော ၀တ်​ပုဆိုးသင်္ကန်​း၏ အစွန်​းတဖက်​ကို ၀တ်​၍တစွန်​းကို ရုံပြီးထွက်လာခဲ့တဲ့အခါ

ရဟန်းတော် ရဲ့ ဝတ်ပန်းပုဆိုးထည်သင်္ကန်းအရောင်ဟာကိုယ်ခန္ဓာတစ်ခုလုံး ထွက်သစ်စနေဗိမာန်အရောင်လိုတင့်တယ်နေတာကုုိမြင်လိုက်ရတော့ ဆင်းရဲသူမလေးဟာ

,,ငါ့ရဲ့အရှင်​​ကောင်​းဟာ အစက တင်​့တယ်​​တော်​မမှု​ယခုအခါ ထွက်သစ်​စ​ နေမင်​းကြီး လို တင်​့တယ်​​တော်​မူလိုက်တာ

ဒီဝတ်​ပန်​းထည်​တပိုင်​းကိုလဲ ထိုရှင်​မြတ်​အားသာလျှင်​ လှူအံ့ ”အကြံပေါ်လာပြီး ကျန်တဲ့ တပိုင်းကိုလူပြီးဆုတောင်းလိုက်တယ်

,,အရှင်​ဘုရား တပည့်တော် သည််​ ဖြစ်​​လေရာဖြစ်​​လေရာ ဘဝတိုင်​း၌ကျင်​လည်​သည်​ရှိ​သော်​ မြတ်​​သောအ​ဆင်​းကို​ဆာင်​နိုင်​​သည်​ဖြစ်​ရပါလို၏ ကျွနုပ်​ကို မြင်​၍ တစ်စုံတ​စ်ယောက်​​သော​ယောကျ်​ားသည်​မိမိသ​ဘောအားဖြင်​့ ​ကောင်​းစွာတည်​ခြင်​းငှါ မစွမ်​းနိုင်​ပါ​စေတပါး​သေားမိန်​းမသည်​ အကျွနုပ်​ထက်​လွန်​ကဲ၍ လှသည် မည်​သူမှမဖြစ်​ေ​စသတည်​း ”ဟု ဆုတောင်းလိုက်တယ်

မ​ထေရ်​မြတ်​သည်​လည်​း ၀မ်​း​မြှောက်​ခြင်​းအနု​မောဒနာကို ပြု၍ကြွ​တော်​မူပြီ အခြားကိုကြွသွားတယ်ဆင်းရဲသူမလေးလည်း ကံအားလျော်စွာဒီဘဝမှာသေလွန်၍ နတ်ပြည်၌ ကျင်လည်ပြီးအရိဋ္ဌပုရပြည်၌ ကုဋေ ၈၀ ချမ်းသာသောတိရိဋိဝစ္ဆ မည်ရှိသောသူဌေးကြီး၏ သမီးမြင်သူတိုင်း ရူးမလောက်ခံစားရတဲ့ အလှဘုရင်ဥမ္မာဒန္တီ ဖြစ်လာခဲ့လေးသည် ;;;ကဲဥမ္မာဒန္တီလို လှချင်ရင်တော့ဥမ္မာဒန္တီလိုလှူပြီး ဆုတောင်းပေါ့

Source: Machit Mg

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။