ပက်ထရစ်ရှာလို့ခေါ်တဲ့မင်းသမီးလေးကတော့ အစိမ်းနဲ့ပန်းရောင်ဝမ်းဆက်လေးနဲ့ အရမ်းကို နန်းဆန်နေပါတယ်။ မော်ဒယ်စိမ်းဇာအပါးစလေးကို ဆင်နားရွက်ပုံစံ လက်ရှည်လေးချုပ် ထားပြီး ရင်ဘတ်မှာဖဲပြားပုံစံဖော်ထားတဲ့ မရိုးမဆန်းအင်္ကျ ီလေးနဲ့ ပန်းရောင်ပြောင်ထမီ လေးတွဲဖက်ဝတ်ဆင်ထားပုံလေးက အရမ်းကိုလှလွန်းနေပါတယ်။

ဆံပင်ရှည်လေးကိုနှစ်ဖက်ခွဲချထားပြီ လှလှပပမျက်နှာမှုံမှုံလေးနဲပ လိုက်ဖက်တင့် တယ်နေပါတယ်။ ရှာရှာကလတ်တလောမှာ မင်းသားဇေရဲထက်နဲ့တွဲဖက်ပြီး “ Tomboy and Me ” ဆိုတဲ့ဇာတ်ကားလေးကို ရိုက်ကူးနေတာဖြစ်ပြီး ယောကျာ်းလျာပုံစံလေးနဲ့ သရုပ် ဆောင်ထားတာပဲဖြစ်ပါတယ်။ ခပ်မိုက်မိုက်ဇာတ်ကားလေးဖြစ်ဖို့သေချာပါတယ်။

သူမရဲ့ချစ်စရာကောင်းတဲ့ဝတ်စုံမရိုးမဆန်းလေးနဲ့ ချစ်စရာကောင်းပြီးလှပတဲ့ ဓာတ်ပုံလေး တွေရိုက်ပြီး Facebook ပေါ်တင်ကာ ပရိတ်သတ်တွေကို အလှတွေမျှဝေပေးနေတာပါ။ စာဖတ်ပရိတ်သတ်ကြီးလဲ ရှာရှာရဲ့ ဝတ်စုံလေးနဲ့ သူမဘယ်လိုတွေလိုက်ဖက်နေမလဲ ဆိုတာသိရအောင် တင်ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။