ကလေးတော်တော်များများနဲ့ ကျန်းမာရေး မလိုက်စားသူ အများစုက ညဘက်ကို သွားမတိုက်ဘဲ အိပ်စက်တတ်ကြပါတယ်။ အမှန်တော့ အိပ်ရာထ မနက်မိုးလင်းလို့ သွားတိုက်တာထက်စာရင် ညပိုင်း သွားတိုက်တာက ပိုပြီး ထိရောက်ပြီး သွားကျန်းမာရေးအတွက် အထောက်အကူဖြစ်ပါတယ်။ အစာစားပြီး သွားမတိုက်ဘဲ ညအိပ်ယာဝင်ရင် ခံတွင်းနှင့် သွားကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးရရှိနိုင်လဲ ဆိုတာကို တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။ 

သွားမတိုက်ဘဲ အိပ်ယာဝင်ရင်တော့ သွားချေးဖြစ်စေတဲ့ ဘက်တီးရီးယားတွေဖြစ်ပေါ်စေပါတယ်။ အဲဒီဘက်တီးရီးယားတွေဟာ စားကြွင်းစားကျန်များကို စားသုံးပြီး အက်ဆစ်ဓာတ်ထုတ်ပေးပါတယ်။ အဲဒီအက်ဆစ်ဓာတ်တွေက သွားတွေကို ဖျက်ဆီးပစ်ပြီး သွားပိုးပေါက်တွေဖြစ်စေသလို၊ သွားချေးတွေလည်းတက်လာစေပါတယ်။ ညဘက်မှာ ညစာ (သို့) သရေစာစားပြီး အိပ်ယာမဝင်ခင် သွားမတိုက်ဘဲ မနက်မှ သွားတိုက်မယ်ဆိုရင်တော့ ဘာမှထူးမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘက်တီးရီးယားတွေက သင့်ရဲ့ သွားတွေကို စိတ်ကြိုက်ဖျက်ဆီးနေလို့ပါပဲ။

ဒါ့ကြောင့် အချိန်ကြာလာတာနှင့်အမျှ ခံတွင်းနှင့် သွားကျန်းမာရေးအတွက် တစ်ခုပြီး တစ်ခု ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ သွားတိုက်ခြင်းဟာ အဓိကအားဖြင့် သွားမျက်နှာပြင်ကို သန့်ရှင်းရေးလုပ်ပေးပြီး၊ သွားချေးတွေ မဖြစ်ပေါ်အောင်ကာကွယ်ပေးပါတယ်။ သွားတိုက်ဆေးမှာ မိုက်ခရိုကယ်လ်ဆီယမ်နဲ့ ဖလိုရိုက်ဒ်ပါဝင်ရင်တော့ သွားတွေကို ပိုပြီးသန်မာစေပြီး သွားပိုးပေါက်ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ထို့အပြင် သွားမျက်နှာပြင်ပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကို လျော့နည်းသွားစေပါတယ်။ သွားကို အနည်းဆုံးတော့ ၂ မိနစ်လောက် အချိန်ယူပြီး တိုက်ပေးသင့်ပါတယ်။

ဒီဗဟုသုလေးကို သိရှိပြီး မိမိကိုယ်တိုင်ရော၊ ချစ်ခင်သူအတွက်ရော၊ သူငယ်ချင်းတွေ အတွက်ပါ မျှဝေလိုက်ပါ။

သတင်းအရင်းအမြစ် - MyFood  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။