နှလုံးသွေးကြောကျဉ်းရောဂါဟာ ကုသဖို့လွယ်ကူသလို နှလုံးသွေးကြောကျယ်ရောဂါက ကုသဖို့ ခက်ခဲပါတယ်။

ကျွန်တော်ဟာ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က နှလုံးခုန်မြန်ပြီး အရမ်းပဲ အသက်ရှုမဝလို့ ဆေးခန်းကို သွားပြခဲ့ပါ။ဆေးခန်းကိုရောက်တော့ ဆရာဝန်က ရောဂါအခြေနေကိုမေးတော့ ကျွန်တော်က အသက်ရှုမဝဘူး နှလုံးခုန်သံက နားထဲကကြားနေရတယ် နှလုံးခုန်မြန်တယ်လို့ ရှင်းပြလိုက်တော့ ဆရာဝန်က သေချာစစ်ဆေးကြည်သည့်အခါ နှလုံးသွေးကြောကျဉ်းနေပါတယ်လို့ ကျွန်တော့်ကို ပြောပါတယ်။ 

ဆရာဝန်ကတော့ ဆေးရုံတက်မလား သောက်ဆေးဖြင့် အရင်မှေးနေကြည့်မလားမေးတော့ ဆေးကိုပဲအရင်သောက်ကြည့်ချင်ပါတယ် ဆရာလို့ ကျွန်တော်ပြန်ပြောလိုက်ပါတယ်။

အဲသလိုနဲ့ ဆရာဝန်က ကျွန်တော့ကို ဘာမီတွန် အလုံးလေးမျှရှိတဲ့ အရမ်းသေးငယ်တဲ့ ဆေးတစ်ကပ်ထုတ်ပေးပါတယ်။အရမ်းမောလာရင် အဲဒီဆေးတစ်လုံးကို လျှာအောက်မှာ ဖိ့ပြီးငုံပေးထားခိုင်းပါတယ်။

ပြီးတော့သူက ထပ်ပြောတယ် ..ကြက်သွန်ဖြူ နဲ့ ပျားရည် ရောစပ်ပြီး စိမ်ထားတဲ့ ကြက်သွန်ဖြူပျားရည်ကို မနက်ည နေ့စဉ်စားသုံးပေးပါတဲ့...ပြီးတော့ အဲဒီကြက်သွန်ဖြူ ပျားရည်ဟာ ရန်ကုန်မြို့ ကန်တော်ကြီး ပန်းခြံထဲက ဆေးဆိုင်များမှာ မေးဝယ်လို့ ရပါတယ်လို့ ကျွန်တော့်ကို လမ်းညွှန်ပေးလိုက်ပါတယ်။

အဲသလိုနဲ့ ကျွန်တော်က ကန်တော်ကြီးပန်းခြံထဲ သွားရှာကြည့်တော့ ၎င်း ကြက်သွန်ဖြူ ပျားရည်ကို ရရှိပြီး နေ့စဉ် မှီဝဲ စားသုံးကြည့်တာ ၁၀ရက်မျှ ကြာသောအခါ ကြက်သွန်ဖြူ ပျားရည် တစ်ဗူးတောင် မကုန်ပါဘူး အလျှင်မြန် အဆီးများလျော့ကျ၍ နှလုံးသွေးကြောကျဉ်းရောဂါ ပျောက်ကင်းသွားခဲ့ပါတယ်။

ကြက်သွန်ဖြူ ပျားရည်ဟာ ကြက်သွန်ဖြူ များကို အခွံခွာ၍ ပျားရည်စစ်စစ်ထဲသို့ ရောစိမ်ကာ တစ်ပတ်ခန့် နေပူလှန်းပေးခြင်းဖြင့် စတင်မှီဝဲနိုင်ပါသည်။

(မှတ်ချက်) ဥတစ်လုံး ကြက်သွန်ဖြူက ပိုပြီး ဆေးဖက်ဝင်ပါသည်။

လည်းချောင်းနာရောဂါ အပူနာရောဂါ အဝလွန်ရောဂါ အမောဖောက်ရောဂါ ရှိသူများဟာ သံပရာရည် ဂျင်း များဖြင့် ထပ်မံရောစပ်၍ မှီဝဲစားသုံးနိုင်ပါသည်။

source - အထွေထွေဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။