ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင် နဝရတ်တစ်ယောက် ပျောက်ချက်သားကောင်းနေလို့ လွမ်းနေကြတဲ့ ပရိသတ်တွေရှိလား။

အနုပညာလှုပ်ရှားမှုတွေနားထားတဲ့ နဝရတ် ဟာ လက်တလောမှာတော့ (၁၆)မိုင်နားက ကျောက်မဲရွာလေးကို ရောက်ရှိနေပြီး သူမရဲ့အတွေ့အကြုံလေးတွေကို မျှဝေထားတာဖြစ်ပါတယ်။

ကိုယ်ပိုင်Beauty Saloon ဆိုင်တွေဖွင့်ထားတဲ့ နဝရတ်ဟာ ကားရိုက်တွေနားထားပြီး အနုပညာအလုပ်တွေမလုပ်ဖြစ်သေးပေမယ့် သူမကိုချစ်တဲ့ပရိသတ်တွေကတော့ လျော့မသွားသေးပါဘူး။

အလှုအတန်းတွေမကြာခဏပြုလုပ်လေ့ရှိတဲ့ နဝရတ် တစ်ယောက် ကျောက်မဲရွာလေးမှာ အလှုပြုခဲ့သလို ဒေသခံပရိသတ်တွေနဲ့တွေ့ပြီး အမှတ်တရပုံရိပ်လေးတွေလည်း ရိုက်ခဲ့ပုံရပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီး အသံတိတ်နေသေးတဲ့ နဝရတ် တစ်ယောက် လက်တလောမှာတော့ ခရီးတွေထွက်လိုက်နဲ့ သာသာယာယာဖြစ်နေတုန်းပါပဲ။

နုပျိုလန်းဆန်းနေသေးတဲ့ နဝရတ် ရဲ့ ချစ်စဖွယ်ပုံရိပ်တွေကို မျှဝေလိုက်ပါတယ်။ 

Source: Nawarratt fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။