ချစ်စရာအမူအရာလေးတွေနဲ့မင်းသမီးချောလေးကတော့ ရတနာဖြူဖြူအောင်ပဲဖြစ်ပါတယ်။ သူ မက Video ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့သူလဲဖြစ်ပါတယ်။ ချစ် စရာအမူအရာလေးတွေနဲ့ ပရိတ်သတ်ကိုအသည်းယားအောင် အမြဲလုပ်တတ်တဲ့ မင်းသမီး လေးပေါ့။ သူမခန္တာကိုယ်အလေးချိန်တက်လာတာနဲ့ပက်သက်ပြီး ဝေဖန်မှုတွေရှိလာပါ တယ်။

အနုပညာလုပ်ငန်းတွေလုပ်ရင် အားရှိမှဖြစ်မယ်ဆိုပြီး သူမကအစားတွေစိတ်ကြိုက် စားခဲ့ပါ တယ်လို့ Interview တစ်ခုမှာရယ်ရယ်မောမောဖြေကြားခဲ့ပါသေးတယ်။ ဒီနောက်ပိုင်းမှာ မှ စားရင်း စားရင်းနဲ့ ကိုယ်အလေးချိန်က ကိုယ်သတိမထားမိလိုက်ပဲအရမ်းကို တက်သွားခဲ့ တာပါလို့ သူမကဆိုပါတယ်။

အသိတစ်ယောက်ကနှုတ်ဆက်တဲ့အချိန်မှာ မတရားဝလာတယ်နော် ဆိုတဲ့ စကားရပ်လေး ကြောင့် သူမစိတ်မကောင်းဖြစ်ပြီး ငိုခဲ့ရသေးတယ်လို့လဲဆိုပါတယ်။ ဒီနောက်ပိုင်းမှာတော့ သူ မက Weight လျော့မယ် ခရီးစဉ်ကို စတင်လျှောက်လှမ်းခဲ့တယ်လို့ဆိုပါတယ်။ ကိုယ်အ လေးချိန်ကို အနေတော်လေးဖြစ်အောင် ပြန်လည်ပြုပြင်ပါ့မယ်လို့လဲ သူမရဲ့ ပရိတ်သတ်တွေကို အသိပေးပြောကြားသွားပါသေးတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။