မုန် ့အချိုများ နှင့် အစားအစာတွေက ပုရွက်ဆိတ်တွေအတွက် သည်းခြေကြိုက်ဖြစ်ကြ သလို၊ တခါတရံ ပန်းပင်တွေပေါ်အုံခဲနေ တတ်ပြီး အပင်များကိုသေစေတတ် တာကြောင့်၊ အိမ်ရှင်မများစိတ်ညစ်ရပြီပေါ့ရှင်။ ဟောဒီမှာ သဘာဝကျကျနှိမ်နင်းနိုင် တဲ ့ နည်းလမ်းကောင်းလေးတွေရှိလို ့ စမ်းသပ်ကြည့်ကြပါဦးနော်။

(၁) မုန် ့လုပ်ဆော်ဒါက ပုရွက်ဆိတ်တွေအတွက် အဆိပ်မှုန် ့ဖြစ်စေလို ့၊ ပုရွက်ဆိတ် အုံပေါ် ဆော်ဒါမှုန် ့ဖြူးပေးပါ။ (သို ့မဟုတ်) မုန် ့လုပ်ဆော်ဒါနဲ ့ သကြားဆ တူရောပြီးဖြူးပေးပါ။ သူတို ့ အစာအဆိပ်သင့်ပြီး သေသွားကြပါတယ်။

(၂) ဂျုံမှုန် ့နဲ ့ကလေးပေါင်ဒါမှုန် ့များပေါ် ပုရွက်ဆိတ်တွေ ဖြတ်သန်းကျော် လွှားနိုင် စွမ်းမရှိကြပါဘူး။ ဒါကြောင့် ပန်းပင်တွေရဲ ့ အောက်ခြေပတ်လည်မှာ ဂျံုမှုန် ့နဲ ့ ကလေးပေါင်ဒါမှုန် ့လေးတွေ စက်ဝိုင်းသဏ္ဍာန်ဖြူးထားလိုက်တော့ ပုရွက်ဆိတ် ရန်ကကင်းပြီ ပေါ့။

(၃) ငရုပ်သီးမှုန် ့၊ ငရုပ်ကောင်းမှုန် ့များကလည်း ပုရွက်ဆိတ်ကိုနိုင်တဲ့ အမှုန် ့ များဖြစ်ပါတယ်။

(၄) ပုရွက်ဆိတ်တွင်း(သို ့မဟုတ်)ပုရွက်အိမ်ပေါ်ကို ကော်ဖီမှုန် ့ဖြူးထားတဲ့အခါ၊ ပုရွက် ဆိတ်တွေ ကော်ဖီမှုန် ့စားကြပြီး၊ သူတို ့ အဆောက်အအုံ ယိုယွင်းပြိုကျသွားကာ၊ သူတို ့အဲဒီနေရာကို

ဘယ်တော့မှပြန်မလာကြတော့ဘဲ အသိုက်ပြောင်းသွားပါတော့ တယ်။ 

(၅) ရှာလကာရည်နဲ ့ရေ တို ့ဆတူရောပြီး spray ဖျန်းဗူးထဲထဲ့ကာ၊ ပုရွက်ဆိတ်များ ကိုဖျန်းပက်ပေးခြင်းက သူတို ့အတွက် အက်ဆစ်ရေဖြစ်စေလို ့ သေစေနို်င်ပါတယ်။

(၆) သံပုရာရည်ကလည်း သူတို ့အတွက် အက်ဆစ်ရည်ဖြစ်လို ့ ပြေးကြပြီပေါ့ရှင်။

(၇) မြေဖြူလိုင်းတားထားပါ။ သူတို ့က မြေဖြူကို ကျော်ခွပြီး မဖြတ်ရဲကြဘူးလေ။ (သို ့မဟုတ်) မြေဖြူမှုန် ့(သို ့မဟုတ်) ထုံးမှုန် ့ ဖြူးထားနိုင်ပါတယ်။

(၈) ပုရွက်ဆိတ်အုံပေါ်သို ့ရေနွေးပူလောင်းချခြင်း(သို ့မဟုတ်)ရေနွေး နဲ ့ ပန်းကန်ဆေးဆပ်ပြာရည်ရောပြီး spray ဗူးဖြင့် ဖျန်း ပက်ခြင်းပြုလုပ်ပါ။

(၉) ပင်စိမ်းရွက်ရနံ ့ကို ပုရွက်ဆိတ်တွေကြောက်ကြပါတယ်။ ဒါကြောင့် ပင်စိမ်းရွက်အခြောက်မှုန် ့(သို ့မဟုတ်)ပင်စိမ်းရွက် သတ္တုရည် တို ဖြင့် နှိမ်နင်းပါ။

(၁၀) သစ်ကြပိုးခေါက် နဲ ့ လေးညှင်းပွင့်ရနံ ့တို ့ကိုလည်း ပုရွက်ဆိတ်တွေမကြိုက်ကြဘူးလေ။ မိမိအိမ်အခန်းဒေါင့်မှာ သစ်ကြပိုး ခေါက်မှုန် ့ (သို ့မဟုတ်) လေးညှင်းပွင့်လေးတွေ ပုံထားပေးပါ။ 

(၁၁) ပန်းပေါင်းစုံရာပန်းဆီရနံ ့က ပုရွက်ဆိတ်တွေကို မွန်းကြပ်ပူစပ်လောင်စေနိုင်တာကြောင့်၊ ရာပန်းဆီကို ရေအနည်းငယ်ရော ၍ spray ဖျန်းပါ။

(၁၂) သကာရည် လ္ဘက်ရည်ခွက် ၃-ပုံ ၁-ပုံ၊ သကြား စားပွဲတင်ဇွန်း ၆-ဇွန်း၊ ကဇော်(အချဉ်)ဖောက်တဲ့တစေး စားပွဲတင်ဇွန်း ၆-ဇွန်း တို ့ရောစပ်ကာ၊ ရလာသောအနှစ်ပျစ်ပျစ်ကို အိမ်ပြူတင်းပေါက်ဘောင်များပေါ်လိမ်း၍ ပုရွက်ဆိတ်အန္တရာယ်မှ ကာကွယ်နိုင် ပါတယ်။

၅-ပါးသီလကို ကာယ-၀စီ-မနော တည်းဟူသော ကံ၃ပါးစလုံးလုံမှသာ အပြစ်ကင်းတဲ့ သီလဆောက်တည်နိုင်မှာဖြစ်ပါတယ်။ မူလအစကတညး်က ပုရွက်ဆိတ်များ မအုံဖွဲ ့နိုင်အောင် မိမိအိမ်တွင်းအိမ် ပြင်ကို သန် ့ရှင်းစင်ကြယ်စွာ ထိန်းသိမ်းနိုင်ရင် အကုသိုလ် မဖြစ်စေတော့ဘူးပေါ့ရှင်။ အထက်ပါ ပုရွက်ဆိတ်နှိမ်နှင်းနည်းအချို ့က အိမ်မွေးခွေး/ကြောင် နဲ ့ ကလေး သူငယ်များကို အန္တာရာယ်ဖြစ်စေလို ့ သတိနဲ ့ယှဉ်ပြီး ပုရွက်ဆိတ်နှိမ်နင်းနိုင်ကြပါရန် နှိုးဆောင်လိုက်ပါရစေ။

Source – Sashalin Today

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။