အောက်တိုဘာ၂၇ရက်နေ့ မနက်၁၀နာရီဝန်းကျင်ခန့်တွင် နေပြည်တော် ဇမ္ဗူသီရီမြို့နယ် ပြည်သူ့လွတ်တော်ဝန်းအနီး ရပ်တန့်ထားသော HIACE ယာဉ်အမျိုးအစား (ခဲရောင်,ယာဉ်အမှတ်8I/5858) ပေါ်မှ နိုင်ငံခြားသားတစ်ဦးမှဒရုန်းလွတ်တင်နေကြောင်းစစ်ဆေးတွေရှိခဲ့ပါတယ်။ပြည်သူလွတ်တော်ဝန်းလုံခြုံရေး CEဂိတ်တာဝန်ကဒုရဲအုပ်ဖြိုးဇင်းဝင်းနှင့်အဖွဲ့လှည်းကင်းဆောင်ရွှက်နေစဉ်တွေ့ရှိခဲ့တာဖြစ်ပြီး ဇမ္ဗူသီရီမြို့နယ်အမှတ်(၅)ရဲစခန်းသို့ဆက်သွယ်အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

မနက်၁၀နာရီ၃၀မိစန်ခန့်တွင်အဆိုပါနေရာသို့စခန်းမှတာဝန်ရှိသူများရောက်ရှိလာပြီးခေါ်ယူစစ်ဆေးမေးမြန်းခဲ့တယ်လို့သိရပါတယ်။၎င်းတိုအားခေါ်ယူစစ်ဆေးမေးမြန်းခဲ့ရာတူရကီသတင်းဌာနTRIစင်္ကာပူရုံးခွဲမှသတင်းထောက်အောင်နိုင်စိုးအပါအဝင်စင်္ကာပူနိုင်ငံသားကျား၁ဦး,မလေးရှားနိုင်ငံသားမ၁ဦး,စုစုပေါင်း၃ဦးတို့ဟာပြည်သူလွတ်တော်အဆောက်အဦးကိုဓာတ်ပုံရိုက်ကူးရန်အတွက်လျှပ်စစ်နှင်စွမ်းအင်ဝန်ကြီးဌာနရုံးအမှတ်(၂၇)ရှေ့မှနေ၍ဒရုန်းလွတ်တင်နေစဉ်လွှတ်တော်လုံခြုံရေးများတွေ့ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။တူရကီသတင်းဌာနTRG စင်္ကာပူရုံးခွဲမှ မလေးရှားနိုင်ငံသူ Mok Choy Lin (၄၇)နှစ်,စင်္ကာပူနိုင်ငံသား Lau Hon Meng (၄၄) နှစ်,သတင်းထောက်နှင့်စကားပြန်အဖြစ်ဆောင်ရွှက်သူ အောင်နိုင်စိုး(ခ)ရာကွတ်(၂၇) နှစ်,ယာဉ်မောင်းဦးလှတင်(၄၈)နှစ်တိုနှင့်အတူ 16 Gb Memory Card ပါ Mavic အမျိုးအစားဒရုန်းယာဉ်ခဲရောင်နှင့်အတူ Remote Control တစ်ခုတို့တွေ့ရှိခဲ့ပါတယ်လို့သိရပါတယ်။

သတင်းအရင်းအမြစ် - ထွန်း(New Watch)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။