ပြည်သူ့အချစ်တော် ပရဟိတ မင်းသား ဝေဠုကျော်ဟာ ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းကို ရောက်ရှိနေတာ ဖြစ်ပါတယ်..။ ပြည်သူတွေအတွက် အနုပညာအလုပ်တွေနဲ့ တင်ဆက်ပြသခဲ့သလို ပရဟိတအလုပ်တွေကိုလည်း ဝင်ရောက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်..။ ဖွံ့ဖြိုးမှု နှေးကွေးနေသေးတဲ့ ကျေးရွာဒေသများကို ခက်ခက်ခဲခဲသွားရောက်ပြီး ကူညီထောက်ပံံ့မှုများ ပေးနေသူလည်း ဖြစ်ပါတယ်..။ အခုအခါမှာတော့ ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်းက ကျေးရွာတွေကို ကူညီထောက်ပံ့မှုများပေး ပြည်သူ့အချစ်တော် ဝေဠုကျော်တို့ဟာ ဆန်နဲ့ စားနပ်ရိက္ခာအများ အပါအဝင် အဝတ်အထည်များကိုလည်း သွားရောက် ကူညီထောက်ပ့ံ့ခဲ့ပါတယ်..။

မြောက်ပိုင်းက ကျေးရွာတွေကို ဆန်၊ စားနပ်ရိက္ခာနဲ့ အဝတ်အထည်များ သွားရောက် ထောက်ပံ့စဉ် ပြည်သူ့အချစ်တော် ဝေဠုကျော် တစ်ယောက် မော်ဒယ် အပုန်းမတစ်ယောက်လိုလည်း သဏ္ဍာလုပ်ရင်း အမျိုးသမီးများအတွက် အဝတ်အထည်များ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်..။ ထမိန်အဆင်တွေကို မော်ဒယ်လို ဝတ်ပြပြီး အိုက်တင်တွေလည်း လုပ်ပြခဲ့ပြီး ဟာလေးတွေနဲ့ ပျော်ရွှင်အောင် ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်..။ ဝေဠုကျော်ဖောင်ဒေးရှင်း fb စာမျက်နှာမှာလည်း အဲ့ဒီအကြောင်းအရာလေးတွေကို အခုလို ရေးသားထားပါတယ်..။.

“ရွာသူများအား ထမီအဆင်များ ကို မော်ဒယ်လို ဝတ်ပြ.. အိုက်တင်တွေလဲလုပ်ပြရင်း ကခုန်ရင်းနဲ့ပဲ ရုပ်ရဲ့လိုအပ်ချက်တွေကို တတ်နိူင်သလောက် ဖြည့်ဆည်းပေးခဲ့သလို စိတ်ရဲ့ဒဏ်ရာတွေကိုလဲ အနည်းငယ်လောက်ဖြစ်ဖြစ် သက်သာအောင်လို့ ပျော်ရွှင်အောင်ပြုလုပ်ပေးခဲ့ပါတယ်..။” လို့ ရေးသားထားတာကိုလည်း တွေ့မြင်ရပါတယ်..။ ပရဟိတအလုပ်တွေကိုပြုလုပ်ရင်း လိုအပ်နေသူတွေအတွက် ရုပ်ဝတ္တု လိုအပ်ချက်တွေအပြင် စိတ်ဒဏ်ရာလေးတွေကိုပါ တတ်နိုင်သမျှ ကုစားပေးတတ်သူတစ်ယောက်လည်း စြဖ်ပါတယ်..။ အနုပညာအလုပ်တွေမှာ မတွေ့မြင်ရတော့ပေမယ့် ပရဟိတအလုပ်တွေနဲ့ ပရိသတ်ရှေ့ရပ်တည်နေသူလည်း ဖြစ်ပါတယ်..။

Source - Wai Lu Kyaw Foundation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။