RS ရှိနေပြီဆိုတဲ့ အောင်လနှင့် တစယောက်တည်း နေဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ ဝိုင်းစု

'ပြော ငါ့ကို မုန်းတယ်ဆိုလည်း ပြော' ဆိုတဲ့ သီချင်းနဲ့ တိုင်းသိပြည်သိကျော်ကြားခဲ့တဲ့ သူကတော့ အဆိုတော် အောင်လ ပဲဖြစ်ပါတယ်။ အဆိုတော်အောင်လဟာ Rock ဂီတလောကရဲ့ မရှိမဖြစ် အဆိုတော် တစ်ယောက်ဆိုလည်း မမှားပါဘူး။ Rock ဂီတကို ရူးသွပ်သူတိုင်း အောင်လကို ကြိုက်နှစ်သက်သလို ထွက်သမျှသီချင်းအများစုကလည်း အတော်ကို ပေါက်ခဲ့ပါတယ်။ အဆိုတော် အောင်လဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၀) ရက်နေ့မှာ ဇနီးဖြစ်သူနဲ့ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့ပြီး သူ့ဖက်ကတော့ LDRS ဖြစ်နေတဲ့အတွက် ကွာရှင်းခဲ့ခြင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အိမ်ထောင်ကွဲပြီး မကြာခင်မှာပဲ မိသားစုဘဝလေးကိုတော့ လိုချင်ပါသေးတယ် လို့ပြောခဲ့တဲ့ အဆိုတော် အောင်လတစ်ယောက် အခုတော့ Relationship ရှိနေပြီလို့ပြောလာပါတယ်။ MC က interview တစ်ခုမှာ "အခု ချစ်သူရှိနေပါပြီ။ ချစ်သူကိုတော့ လာမယ့် ၁လ ၂လ လောက်နေရင် ဖွင့်ချပြသွားမှာပါ။ ကလေးချစ်တတ်တဲ့သူ ဖြစ်တာကြောင့် ကလေးရနိုင်မယ့် မိသားစုတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ ထပ်ကြိုးစားသွားဦးမယ်" ဆိုပြီး ပြောသွားခဲ့ပါတယ်။

တေးစီးရီးအယ်လ်ဘမ် ငါးချပ်ထွက်ရှိထားပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ နံပါတ်တစ်လို့ပြောလို့ရတဲ့ တေးသံရှင်ကတော့ အဆိုတော် ဝိုင်းစုခိုင်သိန်း ပဲဖြစ်ပါတယ်။ ဝိုင်းစု ဟာပြီးခဲ့တဲ့လတုန်းက သူမရဲ့ 'ဂါ' အယ်လ်ဘမ်သစ်ကို ဖြန့်ချီခဲ့ပြီး အတော်အောင်မြင်ခဲ့တာလည်း ပရိသတ်ကြီးအသိဖြစ်မှာပါ။ တေးစီးရီး Promotion ပွဲလုပ်ခါနီးရက်ပိုင်းအလိုမှာ ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းထားပြီး အိမ်ထောင်ရေးအရှုပ်အရှင်း ကိစ္စတွေ ရှိနေတယ် ဆိုတဲ့ ကောလဟာလတွေဟာ တော်တော်ကို ဂယက်ထခဲ့ပါသေးတယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူနဲ့ နှစ်ဦးသဘောတူ ကွာရှင်းခဲ့တာကိုတော့ ဝိုင်းစုဘက်က အတည်ပြုခဲ့ပြီး ကျန်တဲ့ကိစ္စတွေကတော့ ကောလဟာသက်သက်သာဖြစ်လို့ ဖြေရှင်းနေမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ ဒါပေမဲ့ သူမအနေနဲ့ တနေ့က ပြောခဲ့တဲ့ interview တစ်ခုမှာတော့ " တစ်ယောက်တည်းတော့ ရပ်တည်ဖြစ်မှာ မဟုတ်ပါဘူး" ဆိုပြီး ပြောသွားခဲ့ပြီး "အရင်ကလည်း လဲကျခဲ့ဖူးတယ်……။ ဒါပေမဲ့ ဝိုင်းစုက လဲကျတဲ့နေရာမှာ ရပ်နေမှာ မဟုတ်ပါဘူး" ဆိုပြီးတော့လည်း ပြောသွားခဲ့ပါသေးတယ်။

ကဲ အောင်လကတော့ RS တစ်ခု ရှိနေပြီး မကြာခင် အားလုံးကိုပြောပြပါမယ် လို့ပြောခဲ့ပြီး ဝိုင်းစုကတော့ တစ်ဦးတည်းသော သမီးဖြစ်တာမို့ တစ်ယောက်တည်း နေဖြစ်မှာ မဟုတ်ပါဘူး တဲ့ပရိသတ်ကြီးရေ………

Source: Myanmar Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။