Miss Grand International 2017 ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်တဲ့ အေးချမ်းမိုးဟာ အခုဆိုရင် မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ သူမယှဉ် ပြိုင်ခဲ့ရတဲ့တစ်လျှောက်အခက်အခဲတွေအများကြီးတွေ့ကြုံခဲ့ရတယ်လို့ပြောပါတယ်။ လိုအပ် တဲ့ပစ္စည်းတွေရဲ့ List ကို ဟိုရောက်မှသိရတာမို့ ကိုယ့်ဖက်ကမပြင်ဆင်သွားရတာတွေရှိ တဲ့အခါ မိတ်ဆွေတွေက ကူညီပေးတာတွေရှိတဲ့အတွက် သူမအတွက် ကံကောင်းမှုလေး တစ်ရပ် ဖြစ်ခဲ့တယ်လို့လဲဆိုပါတယ်။

Camp အချိန်အတွင်းအကောင်းဆုံးကြိုးစားခဲ့လို့ အသိအမှတ်ပြုခံခဲ့ရတယ်လို့ဆိုပါတယ်။ ပြင် ဆင်ချိန်နည်းတာကို အားလုံးကနားလည်လက်ခံပေးပြီး ဖေမကူညီကြလို့ သူမအဆင်ပြေပါ တယ်လို့ သူမကဆိုပါတယ်။ ပြိုင်ပွဲအချိန်နီးမှ ရွှေအိမ်စည်တစ်ယောက် သွားရောက်မယှ ဉ်ပြိုင်နိုင်တော့တာမို့ သူမကလဲစိတ်မကောင်းဖြစ်တယ်လို့ဆိုပါတယ်။ သို့ပေမယ့် သူမကိုယ် တိုင်ငြင်းပယ်သည့်တိုင်အောင် တခြားတစ်ယောက်ကလဲသွားပြိုင်မှာ ဖြစ်ပါတယ်လို့လဲ သူမ ကဆိုပါတယ်။ သူမကိုယ်တိုင်ကလဲ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ်  သွားရောက် ယှဉ်ပြိုင်ချင်တာမို့ လက်ခံခဲ့ပါတယ်လို့လဲ ဆိုလာပါတယ်။

သူမအနေနဲ့ရွှေအိမ်စည်ကိုအားနာမှုမရှိဘူးလို့ဝေဖန်တဲ့အခါတွေမှာ သူမက မီဒီယာ တွေက မမေးမြန်းလို့သာ ဖြေကြားခွင့်မရခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ တကယ်တမ်းတော့ သူမရဲ့စိတ်ထဲမှာ ရွှေအိမ်စည်နဲ့ပက်သက်လို့ စိတ်မကောင်းဖြစ်တာလေးတွေ  ရှိတယ်လို့ လဲပြောပါတယ်။ အချိန်တိုအတွင်းမှာ ပြင်ဆင်ခဲ့ရပေမယ့် သူမအကောင်းဆုံးကြိုးစားခဲ့တာမို့ သူမရဲ့ကြိုးစားမှုကို အသိအမှတ်ပြုခံခဲ့ရတယ်လို့ပြောပါတယ်။ သူမကိုတိုက်ခိုက်တဲ့အခါတွေ မှာ စိတ်မကောင်းဖြစ်ပေမယ့် နောက်ပိုင်းမှာ ဒါတွေဟာတွန်းအားဖြစ်စေတယ်လို့ သူမက ဆိုပါတယ်။

အကယ်၍ ရွှေအိမ်စည်သာ သွားရောက်ယှဉ်ပြိုင်ခဲ့သည်ရှိသော် Top 20 ထဲကိုဝင်ချင်လဲ ဝင်နိုင်တယ်လို့ သူမကအသိအမှတ်ပြုခဲ့ပါတယ်။ သူမအနေနဲ့ ယခုလိုသွားရောက် ယှဉ် ပြိုင် လိုက်ရတဲ့ အကျိုးရလာဘ်အနေနဲ့ကတော့ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ယဉ်ကျေးမှုတွေကို လေ့လာ သိရှိခွင့်ရခဲ့ပြီး မိတ်ဆွေအပေါင်းအသင်းတွေလဲ တိုးပွားခဲ့ရတယ်လို့ဆိုပါတယ်။ သူမရဲ့ We Love Group လေးက သူမအတွက် အချိန်ကုန် ငွေကုန် လူပင်ပန်းခံကာ သူမကို ပံ့ပိုးပေးခဲ့ရတာတွေအတွက် အရမ်းကိုကျေးဇူးတင်ပါတယ်လို့လဲဆိုပါတယ်။ Fanတွေအတွက် ဘာမှပြန်ပြီးဆုလာဘ်တွေမယူပေးနိုင်တာမို့ စိတ်မကောင်းဖြစ်မိပါတယ်လို့ ဆိုပါတယ်။

Source from Popular Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။