ပြည်သူ့ အချစ်တော် မင်းသမီး အိန္ဒြာကျော်ဇင်ဟာ သူမရဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကား ဆိုလိုက်ပါတယ်..။ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ “ရင်ဘတ်ထဲကဓား” ရုပ်ရှင်ဇာတ်ကားကြီးဟာ စတင် ရုံတင်ပြသတဲ့နေ့မှာပဲ ကြည့်ရှုသူအများအပြားရှိခဲ့ပြီး ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တာ ဖြစ်ပါတယ်..။ “ရင်ဘတ်ထဲကဓား” ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံမတင်မှီ ကြေညာပြသထားတဲ့ အချိန်မှာကတည်းက ပရိသတ်တခဲနက်အားပေးမှုကို ရရှိထားတာလည်း ဖြစ်ပါတယ်..။ ပရိသတ်အားပေးမှုတွေကြောင့် ကြိုးစားရကျိုးနပ်ပြီး ကျေးဇူးတင်တဲ့ အကြောင်းကို အိန္ဒြာကျော်ဇင်က ပြောထားပါတယ်..။

“ကျေနပ်ပြီလေ... ? ?

ချစ်ပရိတ်သတ်ကြီးတွေ ဒီလိုအားပေးကြတယ်ဆိုတော့ ကြိုးစားရကျိုးနပ်ပြီပေါ့လို့ ? ?

ကျေးဇူးကမ္ဘာပါ ? ” လို့ သူမရဲ့ fb စာမျက်နျာမှာ ရေးသားထားပါတယ်..။ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိထားတဲ့ “ရင်ဘတ်ထဲကဓား” ရုပ်ရှင်ဇာတ်ကားဟာ အိမ်ထောင်ရေး ပညာပေး ဇာတ်ကားလေးပဲ ဖြစ်ပါတယ်..။ အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဝိုင်းက ပုံဖော်ရိုက်ကူးထားပြီး ပြေတီဦး၊ ထွန်းအိန္ဒြာဗိုလ် နဲ့ အိန္ဒြာကျော်ဇင် တို့က အဓိက ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်..။ ဝါရင့်သရုပ်ဆောင်တွေ အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့အတွက် ဇာတ်ကားရဲ့ ရသဟာ ပရိသတ်တွေကို အကြိုက်တွေ့စေခဲ့ပါတယ်..။

အိမ်ထောင်ရေး Massage ပေးတဲ့ ဇာတ်ကားလေး တစ်ကားဖြစ်သလို ဝါရင့်သရုပ်ဆောင်တွေရဲ့ အပိုအလိုမရှိ အကောင်းဆုံးကြိုးစား သရုပ်ဆောင်မှုတွေနဲ့အတူ ဒကယ်ဒမီရဇာတ်ကားကြီးများကို ရိုက်ကူးပုံဖော်ခဲ့တဲ့ ဒါရိုက်တာ ဝိုင်းရဲ့ လက်ရာလေးလည်း ဖြစ်တဲ့အတွက် ပရိသတ်ကို ပိုမို အကြိုက်တွေ့စေခဲ့ပါတယ်..။ သရုပ်ဆောင်များရဲ့ ပီပြင်လွန်းတဲ့ အမူအရာတွေနဲ့အတူ အခြား အနုပညာရှင်တွေရဲ့ အကောင်းဆုံးကြိုးစား ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တစ်ကားလည်း ဖြစ်ပါတယ်..။ အူဝဲကတော့ သူမတို့ အကောင်းဆုံး ကြိုးစားထားတဲ့ ဇာတ်ကားဟာ စတင်ရုံတင်တဲ့နေ့မှာပဲ ရလဒ်ကောင်းကို ရရှိတဲ့အတွက် ပရိသတ်တွေကို ကျေးဇူးတင်စကား ဆိုလိုက်တာ ဖြစ်ပါတယ်..။ မကြည့်ရသေးတဲ့ ပရိသတ်တွေလည်း အူဝဲတို့ရဲ့ အကောင်းဆုံးကြိုးစား ပါဝင်ထားတဲ့ “ရင်ဘတ်ထဲကဓား” ရုပ်ရှင်ဇာတ်ကားကြီးကို အားပေးကြည့်ရှု့ဖို့ ဖိတ်ခေါ်ထားပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။