မင်းသားကြီးဦးကျော်သူဟာပရိသတ်အချစ်တော်မင်းသားချောကြီးတစ်ယောက်ဖြစ်သလိုမြန်မာနိုင်ငံရဲ့ပရဟိတလုပ်ငန်းတွေမှာလဲဦးဆောင်လှုပ်ရှားနေသူတစ်ယောက်လဲဖြစ်ပါတယ်။ငယ်ရွှယ်နုပျိုစဉ်အချိန်ကနေယနေ့အချိန်အထိပရိသတ်တွေအားပေးချစ်ခင်နေရတဲ့မင်းသားချောကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ကျော်သူပရဟိတကွန်ယက်နဲ့အတူမြန်မာနိုင်ငံရဲ့အကူညီလိုအပ်နေတဲ့နေရာတော်တော်များများကိုလူကိုယ်တိုင်ဖြစ်စေပရဟိတလူငယ်များကဖြစ်စေအမြဲကူညီထောက်ပံ့ပေးနေတဲ့သူတော်ကောင်းကြီးတစ်ယောက်လဲဖြစ်ပါတယ်။ 

ဦးကျော်သူဟာသူဝါသနာပါတဲ့အနုပညာလုပ်ငန်းတွေအချိန်ရရင်ရသလိုလုပ်ကိုင်လျက်ရှိပြီးပရဟိတလုပ်ငန်းတွေမှာလဲလျစ်ဟင်းမှုမရှိပြည်သူအတွက်ကျိုးပမ်းထမ်းဆောင်လျက်ရှိတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။MRTV -4ရုပ်သံအစီစဉ်

တစ်ခုကထုတ်လွှင့်ပြသခဲ့တဲ့'ပဉ္စလက်ရွှာ'ဇာတ်ကားထဲမှာ

ပါဝင်သရုပ်ဆောင်ခဲ့ပြီးပရိသတ်တွေအားပေးမှုကိုယနေ့ထိတိုင်ထိန်းသိမ်းထားနိုင်တဲ့မင်းသားချောကြီးတစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိမှာလဲဦးကျော်သူဟာအနုပညာလှုပ်ရှားမှုတွေလုပ်ကိုင်လျက်ရှိတယ်လို့သိရပါတယ်။ 

ဦးကျော်သူဟာလက်ရှိမှာတော့ပရိသတ်အချစ်တော်အနုပညာရှင်များဖြစ်တဲ့မင်းဦး,နေမျိုးအောင်,အောင်မင်းခန့်,ထွန်းအိန္ဒြာဗိုလ်,မိုးပြည့်ပြည့်မောင်တို့နဲ့အတူအနုပညာရှင်ပေါင်းများစွာပါဝင်ရိုက်ကူးနေတဲ့မြစ်တစ်စင်းရဲ့ကျေးကျွန်များဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးနေတယ်လို့သိရပါတယ်။ဦးကျော်သူရဲ့မပြောင်းလဲတဲ့သရုပ်ဆောင်ချက်တွေနဲ့အတူသူရဲ့လူမှုကွန်ယက်ကနေလဲရိုက်ကွင်းပေါ်ကအမှတ်တရပုံရိပ်လေးတွေကိုမျှဝေလျက်ရှိတာပဲဖြစ်ပါတယ်။ဒီနေ့မှာလဲမင်္ဂလာရှိတဲ့လူသားကြီးနဲ့မင်္ဂလာရှိတဲ့မြန်မာ့ရိုးရာယဉ်ကျေးမှုရှင်ပြုမင်္ဂလာပွဲပေါ့ဗျာဆိုပြီးရိုက်ကွင်းပေါ်ကပုံရိုက်တစ်ချို့ကိုမျှဝေထားတာကိုလဲတွေ့ရပါတယ်။ပရိသတ်အချစ်တော်ဦးကျော်သူရဲ့ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေအတူယခုရိုက်ကူးနေတဲ့ရုပ်ရှင်ဇာတ်ကားကောင်းကြီးကိုလဲစောင့်မျှော်ကြည့်ရှုကြရအုန်းမှာပဲဖြစ်ပါတယ်။

သတင်းအပြည့်အစုံ - ဦးကျော်သူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။