ဒီနေ့မှာတော့ဖိုက်စတားအဖွဲ့ဝင်လူရွှင်တော်အောင်သော်ဟာကုသိုလ်လေးတစ်ခုပြုလိုက်ရတဲ့အတွက်ပျော်ရွှင်နေပါတယ်။ဒီနေ့(အောက်တိုဘာ၂၇ရက်)ညနေရှုတင်ကအပြန်ပြုလိုက်တဲ့ကုသိုလ်လေးဖြစ်ပါတယ်။ဒီနေ့ယနေရှုတင်ကအပြန်အောင်ပန်းအထွက်နားမှာဆိုင်ကယ်တစ်စီးတိမ်းမှောက်ခဲ့တာဖြစ်ပြီးအရေးပေါ်ပြုစုကူညီပေးနိုင်ခဲ့တာကြောင့်ပဲဖြစ်တယ်လို့ဆိုပါတယ်။အောင်ပန်းမြို့အထွက်ကုတင်၇၀၀ဆေးရုံနားမှာဆိုင်ကယ်ရှေ့ဘီးပေါက်ပြီးမှောက်သွားတာကြောင့်ဆိုင်ကယ်စီးနင်းလာတဲ့ခရီးသည်ဒဏ်ရာရရှိခဲ့တာပါလို့ဆိုပါတယ်။

ကိုယ့်ရှေ့မှာပဲဖြစ်သွားတာဆိုုတော့ရှိတဲ့အထောက်အကူပြုနိုင်မယ့်ပစ္စည်းလေးတွေနဲ့ပဲအရေးပေါ်ကူညီပြုစုပေးခဲ့ပါတယ်လို့ဆိုပါတယ်။အဲ့ဒီနောက်မှအောင်ပန်းသွေးလှူရှင်အသင်းနဲ့ဆက်သွယ်အကူညီတောင်းပြီးဒဏ်ရာရထားတဲ့ခရီးသည်ကိုဆေးရုံပို့လိုက်တယ်လို့ပြောပါတယ်။ယခုလိုကြုံကြိုက်တုန်းပြုလိုက်ရတဲ့ကုသိုလ်လေးကြောင်းလဲအရမ်းကိုပိတိဖြစ်ဝမ်းမြောက်ရပါတယ်ဆိုပြီးသူရဲ့လူမှုကွန်ယက်ကနေမျှဝေထားတာကိုလဲတွေ့ရပါတယ်။

ပရိသတ်တွေရယ်မောပျော်ရွှင်အောင်ဖျော်ဖြေတင်ဆက်ရတဲ့ကျွန်တော်တို့လိုလူရွှင်တော်တွေဟာပရိသတ်တွေအန္တရာယ်ကြုံလာရင်လဲကူညီနိုင်တဲ့နွေးထွေးတဲ့လက်တစ်စုံအဖြစ်ရှိနေပါတယ်လို့ဆိုပါတယ်။ကျွန်တော်တို့လိုလူရွှင်တော်တွေမှာလဲကူညီကြင်နာတက်တဲ့နှလုံးသားလေးနဲ့ပါလို့ဆိုပါတယ်။ကျေးဇူးရှင်ပရိသတ်တွေအပေါ်အန္တရာယ်ကင်းအောင်အမြဲမေတ္တာပို့ပေးပါတယ်လို့လဲပြောပါတယ်။အချိန်ရရင်ရသလိုပရဟိတလုပ်ငန်းလေးတွေလဲလုပ်ဖြစ်နေပြီးလူရွှင်တော်အောင်သော်ရဲ့လေးစာစရာစိတ်ဓာတ်လေးနဲ့ဒီနေပြုခဲ့တဲ့ကုသိုလ်လေးကိုလဲပရိသတ်တွေသာဓုခေါ်ဆိုင်နိုင်အောင်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - အောင်သော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။