ယွန်းဝတီလွင်မိုးဟာ ဆယ်ကျော်သက်တွေကြားမှာရေပန်းအစားဆုံး မင်းသမီးလေးလို့လဲပြောလို့ရပါတယ်။ သူဟာ အနုပညာလုပ်ငန်းတွေကို ခဏတာ ရပ်ထားတယ်ဆိုသော်ငြားလည်း ယခုတလောတော့ ပန်းရောင်းနေတယ်လို့သိရပါတယ်။ ပန်းရောင်းနေတယ်ဆိုလို့လန့်မသွားနှင့်ဦးနော်....
သူမရဲ့ ရည်ရွယ်ချက်ကလေးက ကောင်းပါတယ်။ တောင်ကြီးက ပန်းသက်ရှည်ဆိုတဲ့ သစ်ခွပန်း အမျိုးအစားကို ရောင်းပေးတာပါ။ သူမကတော့ 'ဟုတ်တယ်လေ ပန်းချစ်သူတွေအတွက် တောင်ကြီက တကူးတက မှာရမဲ့ အစား ရန်ကုန်မှာ အလွယ်တကူဝယ်နိုင်တော့ ပိုကောင်းတာပေ့ါ' ဆိုပြီး သူမရဲ့ Page မှာ Live လွင့်ပြီးပြောသွားပါသေးတယ်။
ပန်းတစ်စီးကို မှ ၂၀၀၀ ကျပ်ပဲပေးရမယ်လို့ ဆိုခဲ့ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ အသံလေးတွေ အပြုံးလေးတွေ ကြောင့်လားတော့ မသိဘူး Live လွင့်လွင့် ချင်း မကြာမီ မှာဘဲ ပန်းတွေ ရောင်းကုန်သွားပါတယ်။ သူမဟာ တောင်ကြီးကို U Report ကိစ္စနှင့် သွားရောက်ခဲ့တာဖြစ်ပြီး အဲ့ဒီကနေ ပန်းတွေသယ်လာဟန် တူပါတယ်။ အလုပ်မရွေးတဲ့ ယွန်းဝတီလွင်မိုးလေး...
Anna
Anna
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။