စနေနေ့ည ၈ နာရီခွဲမှာ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူလ်းအသင်းဟာ တန်းတက် ဟက်ဒါဖီးအသင်းကို အိမ်ကွင်းမှာလက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၉ ပွဲကစားထားပြီးချိန်မှာ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။ဟက်ဒါဖီးအသင်းကတော့ ပွဲစဉ် ၉ ပွဲ ကစားထားပြီးချိန်မှာ ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၁၁ နေရာမှာရရှိနေတာလည်းဖြစ်ပါတယ်။

လီဗာပူလ်းအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၁ ပွဲနိုင် ၁ ပွဲရှုံး ၃ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဟက်ဒါဖီးအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၃ ပွဲရှုံး ၁ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ကို ရရှိထားတာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းနဲ့ ဟက်ဒါဖီးအသင်းရဲ့ အမှတ်ကွာခြားချက်ဟာ ၁ မှတ်သာ ရှိနေတာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းဟာ သူတို့အသင်းရဲ့ ခံစစ်ကို ခုထိမပြင်ဆင်နိုင်သေးတာကြောင့် ရလဒ်တွေဟာ မတည်မငြိမ်ဖြစ်နေတာလည်းဖြစ်ပါတယ်။ဟက်ဒါဖီးအသင်းဟာ ရလဒ်တွေ ဆိုးဝါးနေတယ်လို့ သက်မှတ်ထားနိုင်ပေမဲ့ ပြီးခဲ့တဲ့ ပွဲစဉ်မှာ မန်ယူအသင်းကို အနိုင်ရရှိထားတာကြောင့် စိတ်ဓာတ်တွေ တတ်ကြွနေမှာတော့ အမှန်ပါပဲ။ 

လီဗာပူလ်းအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဆာလက်၊ စတားရစ်၊ ဖာမီနို၊ ဟန်ဒါဆန်၊ အမ်မရီကန်၊ ချန်ဘာလိန် တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ဟက်ဒါဖီးအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဒီပွိုင်ထရီ၊ သောမက်အင့်စ်၊ ဝီလီယံ၊ အာရွန်မော၊ ဟော့ဂျ်၊ ပါရာ တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။အန်ဖီလ်းမှာ ကြိုးကြာနီတို့ အနိုင်သုံးမှတ်အတွက် တိုက်စစ်ဖွင့်ပြီးကစားသွားဖို့ရှိနေတာကြောင့် အိမ်ရှင်အသင်း သရေနဲ့ အနိုင်ပါပဲ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။