အာရှချန်ပီယံလိဂ်ဝင်ခွင့်ရမှာကရှမ်းလားရန်ကုန်လား


လာမယ့်ရာသီမြန်မာပြည်ကိုယ်စားပြုအာရှချန်ပီယံလိဂ်

ပြိုင်ပွဲဝင်အသင်းပေါ်ထွက်လာတော့မှာပါ။အာရှချန်ပီယံလိဂ်

ခွဲတမ်းအရမြန်မာကိုယ်စားပြုအသင်းတစ်သင်းဟာ

အာရှချန်ပီယံလိဂ်ကိုခြေစစ်ပွဲအဆင့်ကနေဝင်ရောက်

ကစားခွင့်ရမှာပါ။မြန်မာနေရှင်နယ်လိဂ်ဟာအာရှချန်ပီယံလိဂ်

မြန်မာပြည်ကိုယ်စားပြုအသင်းအဖြစ်အမှတ်ပေးချန်ပီယံ

အသင်းကိုသတ်မှတ်ထားပါတယ်။မြန်မာနေရှင်နယ်လိဂ်

ဟာ2017ဘောလုံးရာသီပြီးဆုံးဖို့တစ်ပွဲပဲလိုတော့ချိန်မှာ

ရှမ်းကပထမနဲ့ရန်ကုန်အသင်းကဒုတိယလိုက်နေပါတယ်။


မနက်ဖြန်မှာရန်ကုန်ရောရှမ်းပါလက်ကျန်ပွဲစဉ်တွေကို

ကစားသွားကြရမှာပါ။နှစ်သင်းစလုံးအိမ်ကွင်းတွေမှာ

ကစားရမှာဖြစ်ပြီးရန်ကုန်ကချင်းယူနိုက်တက်နဲ့၊ရှမ်းက

ဟံသာဝတီနဲ့ပါ။ရှမ်းအသင်းအနေနဲ့ဟံသာဝတီနဲ့ပွဲ

မှာသာနိုင်ပွဲရယူနိုင်ပြီးခြေမချော်ခဲ့ရင်အမှတ်ပေး

ချန်ပီယံဆုရမှာဖြစ်ပြီးခြေချော်ခဲ့ရင်တော့ရန်ကုန်က

ချန်ပီယံဖြစ်သွားမှာပါ။အမှတ်ပေးဖလားချန်ပီယံဆု

သာမကအာရှချန်ပီယံလိဂ်ဝင်ခွင့်ရရေးပါအရေး

ပါနေတာမို့MNLပွဲစဉ်တွေဟာနောက်ဆုံးအချိန်

တွေအထိအသက်ဝင်နေတာအမှန်ပါပဲ။


မြန်မာနိုင်ငံဟာအာရှချန်ပီယံလိဂ်အတွက်ခွဲတမ်းတစ်နေရာ၊

AFC Cupအတွက်ခွဲတမ်းတစ်နေရာရရှိထားပါတယ်။

အာရှချန်ပီယံလိဂ်အတွက်အမှတ်ပေးချန်ပီယံသတ်မှတ်ထားပါတယ်။AFC Cupအတွက်တော့ဗိုလ်ချုပ်ဒိုင်းချန်ပီယံအသင်း

ကိုဝင်ရောက်ယှဉ်ပြိုင်စေတာပါ။ရှမ်းအသင်းဟာလက်ရှိဗိုလ်ချုပ်ဒိုင်းကိုရရှိထားလို့AFC Cup

ဝင်ခွငွရထားပြီးအမှတ်ပေးဖလားပါထပ်ရခဲ့မယ်ဆိုရင်တော့

အာရှချန်ပီယံလိဂ်ဝင်ခွင့်ရမှာပါ။ဒါပေမယ့်ပြိုင်ပွဲ

တစ်ခုသာဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားလို့

ရှမ်းအမှတ်ပေးချန်ပီယံဖြစ်ရင်ဗိုလ်ချုပ်ဒိုင်းဒုတိယဆုရှင်

ရန်ကုန်ကAFC Cupဝင်ခွင့်ရမှာပါ။


Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။