ရှမ်းအိုးစည်သံတွေနဲ့သောင်းသောင်းဖျဖျကြိုဆိုခံရတဲ့ချန်ပီယံ


ရှမ်းပြည်နယ်ကိုယ်စားပြုရှမ်းယူနိုက်တက်ဘောလုံး

အသင်းဟာမြန်မာ့ဘောလုံးလောကရဲ့ဂုဏ်သိက္ခာ

ကြီးမြင့်လှတဲ့ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆုကြီးကိုရရှိခဲ့ပါတယ်။

မဟာပြိုင်ဘက်ကြီးရန်ကုန်ကိုဗိုလ်လုပွဲမှာအကြိတ်အနယ်

ကစားပြီးနှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရဗိုလ်စွဲထားခဲ့တာပါ။

ဗိုလ်ချုပ်ဒိုင်းရသွားပြီဖြစ်လို့AFCဝင်ခွင့်တစ်နေရာဟာ

ရှမ်းအတွက်သေချာသွားခဲ့ပါပြီ။နောက်နှစ်မြန်မာပြည်ကိုယ်စားပြုအသင်းအဖြစ်ရှမ်းကို

တွေ့မြင်ကြရတော့မှာဖြစ်ပါတယ်၊

ရန်ကုန်မြေမှာအောင်ပွဲရယူုပြီးနောက်ဟဲဟိုးလေဆိပ်ကို

လေယာဉ်နဲ့ပြန်လာခဲ့တဲ့ရှမ်းယူနိုက်တက်အသင်းကို

တောင်ကြီးဒေသခံတွေကလာရောက်ကြိုဆိုခဲ့ကြပါတယ်။

ဟဲဟိုးလေဆိပ်အတွင်းရှမ်းအိုးစည်သံနောင် နောင် 

နောင်ဗိန်နောင်ဆိုတဲ့အသံတွေဝေစည်ခဲ့ပြီး

ရှမ်းယူနိုက်တက်ရဲ့အိမ်အပြန်လှပခဲ့ပါတယ်။

တောင်ကြီးဒေသခံတွေအနေနဲ့လည်းပြည်နယ်

ဂုဏ်ဆောင်ရှမ်းအသင်းကိုအားရဝမ်းသာကြိ

ဆိုခဲ့ကြတာပါ။


ဟဲဟိုးလေဆိပ်ကနေမှတဆင့်တောင်ကြီး

မြို့ထဲမှာဆုဖလားကိုကားနဲ့သယ်ဆောင်ပြီး

မြို့လူထုကိုလိုက်လံပြသခဲ့ကြပါတယ်။ဒါပေမယ့်

ဒီအပါတ်မှာဟံသာဝတီအသင်းနဲ့အမှတ်ပေးချန်ပီယံ

ဆုအတွက်အဆုံးအဖြတ်ပွဲကစားဖို့ရှိနေတဲ့အတွက်

ခဏသာလှည့်လည်ပြသခဲ့တယ်လို့သိရပါတယ်။

ရှမ်းဟာဗိုလ်ချုပ်ဒိုင်းကိုလောလောဆယ်ရရှိထားပြီး

ဒီတစ်ပါတ်ဟံသာဝတီကိုနိုင်ရင်လည်းအမှတ်ပေးဖလား

ချန်ပီယံဆုကိုရရှိမှာပါ။ဖလားနှစ်လုံးချန်ပီယံရှမ်း

ဖြစ်မလားဆိုတာတော့


Source -Shan Utd

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။